Category 3

.
Home » , » ဂုံရှမ်းဘာသာ ပိဋကတ်ကျောက်စာတိုင်များ တာချီလိတ်၌ စိုက်ထူ

ဂုံရှမ်းဘာသာ ပိဋကတ်ကျောက်စာတိုင်များ တာချီလိတ်၌ စိုက်ထူ

Written By Tachileik News Agency on Thursday, 15 May 2014 | 03:10

ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ တာချီလိတ်မြို့ ရွှေတိဂုံစေတီရင်ပြင်မှာ နဂါးနှစ်ကောင် ဆရာတော်ဘုရားကြီးမှ ဂုံရှမ်းဘာသာနဲ့ ပိဋကတ်သုံးပုံကျောက်စာ (၂၀၄၁) ချပ် ကို စိုက်ထူဖို့ ကြိုးပမ်းနေလျှက်ရှိရာ  ယနေ့ ၂၀၁၄ခုနှစ် မေလ(၁၅)ရက် နံနက်ပိုင်းက တာချီလိတ်မြို့ ရွှေတိဂုံစေတီရင်ပြင်ရှိ ကျောက်စာတိုက်၌ ပိဋကတ်သုံးပုံကျောက်စာတိုင် (၁၇)ချပ်ကို စိုက်ထူကြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင်နှင့် ကြည်ရေလေတပ်မတော်အကြီးအကဲများမှ လာရောက်ကြပြီးတော့ နဂါးနှစ်ကောင်ဆရာတော်၊ ကျိုင်တုံမြို့မှ ၀စီပိတ်ဆရာတော်နဲ့ မိုင်းဖုန်းဆရာတော် အပြင် တာချီလိတ်မြို့ မဟာမြတ်မုနိကျောက်တိုက်ဆရာတော်တို့ထံမှ တရားတော်များကို နာယူကြပြီး ကျောက်စာတိုင်ကို စိုက်ထူခဲ့ကြတာဖြစ်ပါတယ်။



ယခင်က စိုက်ထူပြီးခဲ့တဲ့ ကျောက်စာချပ် (၇၁၂) ချပ်အပါအ၀င် ယခုထပ်မံစိုက်ထူတဲ့ ကျောက်စာ  (၁၇)ချပ် အပါအ၀င် စုစုပေါင်း စိုက်ထူပြီးခဲ့တာဟာ ကျောက်စာချပ် (၇၂၉) ချပ်ရှိပြီဖြစ်ပါတယ်။

ဒီသတင်းကိုတော့ လင်းလင်းမှ ရိုက်ကူးပေးထားပြီး ကိုဇောင်းမှ တင်ဆက်ပေးထားတာဖြစ်ပါတယ်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

0 comments:

Post a Comment

စီးပွားရေး/လုပ်ငန်း ကြော်ငြာများ