Category 3

.
Home » , » ဆိုင်ကယ်သမားကို သတ်သည့် လူသတ်တရားခံအား ဖမ်းဆီးရမိ၍ ဂုဏ်ပြုစကားဆို

ဆိုင်ကယ်သမားကို သတ်သည့် လူသတ်တရားခံအား ဖမ်းဆီးရမိ၍ ဂုဏ်ပြုစကားဆို

Written By Tachileik News Agency on Friday 23 May 2014 | 03:04

ပြီးခဲ့သည့် ၂၀၁၄ခုနှစ် မေလ(၁၂)ရက် ညနေပိုင်းက တာချီလိတ်မြို့ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ဖတ်ဟိရွာအနီးတွင် ရွှေတာချီခရီးသွားလုပ်ငန်းမှ ဆိုင်ကယ်အသင်းသား တစ်ဦးဖြစ်သူ ကျောနံပါတ် (၆၄၀) အင်္ကျီကို ၀တ်ဆင်၍ ခရီးသည်များအား ပို့ဆောင်ပေးနေသည့် အသက်(၂၄)နှစ်ရှိ မောင်လှိုင်မင်းထွန်းအား အသက်(၃၈)နှစ်ရှိ ဦးစန်းလွင် မှ ဓါးဖြင့် လည်ပင်အား ထိုးဖောက်၍ သတ်ဖြတ်ကာ အလောင်းအား ချောက်ထဲ၌ ပစ်ချထားခဲ့ပြီး ဆိုင်ကယ်ကို ယူသွားသည့် လူသတ်လုယက်မှု ဖြစ်စဉ်တစ်ခုပွားခဲ့ရာ အဆိုပါ လူသတ်မှု ဖြစ်စဉ်နှင့် ပတ်သက်၍ လူသတ်မှုဖြစ်ပွားပြီး (၈)ရက်မြောက်နေ့ဖြစ်သည့် မေလ(၂၀)ရက် ညနေပိုင်းတွင် အဆိုပါ တရားခံအား ရှမ်းတောင်ပိုင်း ကျိုင်းတောင်းရွာတွင် ရွှေတာချီခရီးသွားလုပ်ငန်း အမှုဆောင်များနှင့် ရဲတပ်ဖွဲ့တို့မှ ပူပေါင်းကာ ဖမ်းဆီးရမိကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးရမိရန် အတွက် ရွှေတာချီခရီးသွားလုပ်ငန်း ကော်မတီဝင် ဦးကျော်မြင့်၊ ဦးသောင်းထိန်စိုး၊ ဆန်ဆိုင်းဈေးထိပ် ဂိတ်မှူး ဦးဝင်းညွန့်ဦး တို့၏ ဦးဆောင် ဆောင်ရွက်မှုနှင့်အတူ တာချီလိတ်မြို့မ ရဲစခန်းမှ စခန်းမှုး ဒုရဲမှူးကျော်သန်း ၏ ညွှန်ကြားချက်တို့ဖြင့် ဖမ်းဆီးနိုင်ခဲ့သည့်အတွက် လူသတ်သမားအား ခိုလမ်ရဲစခန်းမှ တာချီလိတ်သို့ လွှဲပြောင်းခေါ်ဆောင်လာသည့် အခါ ရွှေတာချီခရီးသွားလုပ်ငန်း ဥက္ကဌ ဦးစိုင်းကျော်ဇံ၊ ဒု-ဥက္ကဌ ဦးဘိုစံ၊ အတွင်းရေးမှူးဦးကျော်ဆွေ၊ ကော်မတီဝင် ဦးဘမိုးမြင့် နှင့် ဆိုင်ကယ်အသင်းသား(၂၀၀)ကျော်တို့မှ မယ်ယန်းဂိတ်တွင် သာင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြပြီး အဆိုပါပြန်လည်ရောက်ရှိလာသည့်အဖွဲ့ကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး မှ ဂုဏ်ပြုစကားပြောကြားခဲ့ကြသည်ကို တာချီလိတ်အွန်လိုင်းမှ ရိုက်ကူးတင်ဆက်ပေးထားတာဖြစ်ပါသည်။
ရိုက်ကူး။  ။ လင်းလင်း
တင်ဆက်။  ။ ကိုဇောင်း

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

0 comments:

Post a Comment

စီးပွားရေး/လုပ်ငန်း ကြော်ငြာများ