ဖြစ်စဉ်မှာ တာချီလိတ်မြို့ ဆန်ဆိုင်းဈေးထိပ်တွင် အငှားဆိုင်ကယ်ပြေးဆွဲနေသူ ရွှေတာချီခရီးသွားလုပ်ငန်းမှ ကျောနံပါတ် (၆၄၀) အင်္ကျီကို ၀တ်ဆင်၍ ခရီးသည်များအား ပို့ဆောင်ပေးနေသည့် အသက်(၂၄)နှစ်ရှိ မောင်လှိုင်မင်းထွန်းအား မေလ(၁၂)ရက်နေ့က လူတစ်ဦးမှ ရေပူစမ်းသို့ လိုက်ပါပို့ဆောင်ပေးဖို့ အသွားအပြန်အဖြစ် ဘတ်ငွေ (၉၀၀)ဖြင့် ငှားရာ ၎င်းမှ သဘောတူညီစွာဖြင့် လိုက်ပါပို့ဆောင်ပေးရာမှ ဖတ်ဟိရွာအဆင်း၏ ချောက်ထဲ၌ လည်ပင်းတွင် ထိုးဖောက်ခံထားရသည့် ဒဏ်ရာ အပြင် အခြားဒဏ်ရာတို့ဖြင့် သေဆုံးနေကြောင်း သိရသည်။
( ရင်ခွဲရုံ၌ စစ်ဆေးနေစဉ် )
( အလောင်းအား သယ်ယူစဉ် )
ယင်းဖြစ်စဉ်ကဲ့သို့ပင် တာချီလိတ်မြို့၌ လွန်ခဲ့သော ရက်ပေါင်း (၁၃၀)ကျော်ခန့်ဖြစ်သည့် ၂၀၁၄ခုနှစ် ဇန်န၀ါရီလ(၄)ရက်နေ့ သန်းခေါင်ယံအချိန်က ဆိုင်ကယ်Taxi သမားတစ်ဦး အသတ်ခံရပြီး အလောင်းအား ရေတွင်းထဲ၌ ဇောက်ထိုးထည့်ထားခဲ့ကာ ဆိုင်ကယ်လုယူသွားသည့် ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
သတင်း။ ။ ကိုဇောင်း
ဓါတ်ပုံ/ဗီဒီယို။ ။ တာချီလိတ်နာရေးကူညီမှုအသင်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net