Category 3

.
Home » , , » တာခ်ီလိတ္မွာ ဆိုင္ကယ္လုယက္ ဓါးခုတ္သူ လူငယ္အဖြဲ႔ကို ဖမ္းမိၿပီး

တာခ်ီလိတ္မွာ ဆိုင္ကယ္လုယက္ ဓါးခုတ္သူ လူငယ္အဖြဲ႔ကို ဖမ္းမိၿပီး

Written By Tachileik News Agency on Wednesday 28 March 2018 | 10:36




တာခ်ီလိတ္ၿမိဳ႕ ၀ိန္းေက်ာက္ရပ္ကြက္အတြင္း ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္းမရွိ ပီတိကားပစၥည္းဆိုင္ေရွ႕မွာ ၂၀၁၈ခုႏွစ္ ဇန္န၀ါရီလ(၂၇)ရက္ေန႔အကူး (၀၀း၄၀)နာရီ၀န္းက်င္က ျဖစ္ပြားခဲ့တဲ့ ဆိုင္ကယ္လုယက္မႈနဲ႔ ပတ္သက္ၿပီး လုယက္သူ တရားခံ(၂)ဦး နဲ႔  ဆိုင္ကယ္ေရာင္းခ်ေပးသူ (၂)ဦး စုစုေပါင္း (၄)ဦးကို  ဖမ္းဆီးရမိၿပီျဖစ္ပါတယ္။

အခု ဖမ္းဆီးရမိထားသူ (၄)ဦးအျပင္ ေနာက္(၁)ဦးကိုလည္း ဖမ္းဆီးရမိထားရာ သူတို႔ေတြထဲမွာ ၊ ဓါးခုတ္မႈ၊ ဆိုင္ကယ္လုယက္မႈ၊ ေခြးခိုးမႈ နဲ႔ ဆိုင္ကယ္ခိုးမႈေတြကို က်ဴးလြန္ထားသူေတြ ပါ၀င္တဲ့အတြက္ တာခ်ီလိတ္ၿမိဳ႕မ ရဲစခန္းမွာ ပုဒ္မ(၄)ခုနဲ႔ အမႈဖြင့္ထားပါတယ္။

တာခ်ီလိတ္ၿမိဳ႕ဟာ ျမန္မာ - ထိုုင္း နယ္စပ္ေဒသၿမိဳ႕ျဖစ္ၿပီး လုယက္မႈမ်ားနဲ႔ ဆိုင္ကယ္ခိုးယူမႈမ်ားဟာ မူးယစ္ေဆး၀ါးနဲ႔ေလာင္းကစားမႈေတြေၾကာင့္ ျဖစ္တယ္လို႔ ေဒသခံမ်ားက ေျပာဆိုေနၾကပါတယ္။







~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်အတွင်း ဗိုလ်ချုပ်အောင်ဆန်းလမ်းမရှိ ပီတိကားပစ္စည်းဆိုင်ရှေ့မှာ ၂၀၁၈ခုနှစ် ဇန်နဝါရီလ(၂၇)ရက်နေ့အကူး (ဝဝး၄၀)နာရီဝန်းကျင်က ဖြစ်ပွားခဲ့တဲ့ ဆိုင်ကယ်လုယက်မှုနဲ့ ပတ်သက်ပြီး လုယက်သူ တရားခံ(၂)ဦး နဲ့ ဆိုင်ကယ်ရောင်းချပေးသူ (၂)ဦး စုစုပေါင်း (၄)ဦးကို ဖမ်းဆီးရမိပြီဖြစ်ပါတယ်။

အခု ဖမ်းဆီးရမိထားသူ (၄)ဦးအပြင် နောက်(၁)ဦးကိုလည်း ဖမ်းဆီးရမိထားရာ သူတို့တွေထဲမှာ၊ ဓားခုတ်မှု၊ ဆိုင်ကယ်လုယက်မှု၊ ခွေးခိုးမှု နဲ့ ဆိုင်ကယ်ခိုးမှုတွေကို ကျူးလွန်ထားသူတွေ ပါဝင်တဲ့အတွက် တာချီလိတ်မြို့မ ရဲစခန်းမှာ ပုဒ်မ(၄)ခုနဲ့ အမှုဖွင့်ထားပါတယ်။

တာချီလိတ်မြို့ဟာ မြန်မာ - ထိုင်း နယ်စပ်ဒေသမြို့ဖြစ်ပြီး လုယက်မှုများနဲ့ ဆိုင်ကယ်ခိုးယူမှုများဟာ မူးယစ်ဆေးဝါးနဲ့လောင်းကစားမှုတွေကြောင့် ဖြစ်တယ်လို့ ဒေသခံများက ပြောဆိုနကြေပါတယ်။
 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~

0 comments:

Post a Comment

စီးပြားေရး/လုပ္ငန္း ေၾကာ္ျငာမ်ား