Category 3

.
Home » , » တာချီလိတ်မြို့ ငွေတောင်ဦးကမ္မဋ္ဌာန်း ကျောင်းတိုက်ကို မူလဆရာတော်မှ လက်ရှိဆရာတော်အား တရားဝင် လွှဲပြောင်းပေးအပ် (ရုပ်သံ)

တာချီလိတ်မြို့ ငွေတောင်ဦးကမ္မဋ္ဌာန်း ကျောင်းတိုက်ကို မူလဆရာတော်မှ လက်ရှိဆရာတော်အား တရားဝင် လွှဲပြောင်းပေးအပ် (ရုပ်သံ)

Written By Tachileik News Agency on Tuesday 24 February 2015 | 07:33


( ရုပ်သံ တင်ဆက်မှု )

ရှမ်းပြည်နယ်၊ အရှေ့ပိုင်းဒေသ၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်၊ ပုန်းထွန်ရပ်ကွက်ထဲမှာ ရှိတဲ့ ငွေတောင်ဦးကမ္မဋ္ဌာန်း ကျောင်းတိုက်ကို မူလပိုင်ဆိုင်သူ ဆရာတော်မှ လက်ရှိကျောင်းထိုင် ဆရာတော်ကို ကျောင်းမြေ နှင့် အဆောက်အဦ လွှဲပြောင်းပေးအပ်မှု အဖြစ် ၂၀၁၅ခုနှစ် ဖေဖော်ဝါရီလ (၂၂)ရက် နေ့လယ် (၁)နာရီအချိန်က ငွေတောင်ဦးကျောင်းတိုက်မှာ အသိသက်(၃၆)ဦးနှင့်အတူ လက်မှတ်ရေးထိုး၍ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

အဲ့ဒီလို တရားဝင်လက်မှတ်ရေးထိုးပြီး လွှဲပြောင်းပေးအပ်ရာမှာ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ ပုန်းထွန်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုင်းဖတ် အပါအ၀င် ကျောင်းအကျိုးတော်ဆောင်များ၊ မြို့နယ်ဂေါပက အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ ရပ်မိရပ်ဖ စုစုပေါင်း (၃၆)ဦးတို့မှ အသိသက်သေအဖြစ် လက်မှတ် ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။

လက်မှတ်ရေးထိုးလွှဲပြောင်းပေးအပ်မှုပြီးတဲ့ နောက်တစ်ရက်ဖြစ်တဲ့ ဖေဖော်ဝါရီလ (၂၃)ရက်နေ့မှာ  မူလဆရာတော်ဖြစ်တဲ့ အမေရိကန်နိုင်ငံ လောကချမ်းသာကျောင်းတိုက် ဆရာတော်က တာချီလိတ်မြို့နယ်စာရေးဆရာအသင်း နှင့် တာချီလိတ်မြို့နယ်သတင်းစာဆရာအသင်း အပါအ၀င် သတင်းမီဒီယာများနဲ့ တွေ့ဆုံပြီး ငွေတောင်ဦးကမ္မဋ္ဌာန်းကျောင်းတိုက် စတင်ဖြစ်ပေါ်လာပုံနဲ့ ကျောင်းမြေနှင့် ကျောင်းအဆောက်အဦ ကိစ္စအ၀အ၀ လွှဲပြောင်းပေးအပ်ခြင်းနဲ့ ပတ်သက်ပြီး ရှင်းလင်း မိန့်ကြားတော်မူခဲ့ပါတယ်။

မူလဆရာတော်ဖြစ်တဲ့ အမေရိကန်နိုင်ငံ လောကချမ်းသာကျောင်းတိုက် ဆရာတော်က လက်ရှိ ကျောင်းထိုင်ဆရာတော်ဖြစ်တဲ့ ဆရာတော် ဘဒ္ဒန္တ၀ိရောစနအား ယခင်က နှုတ်မိန့်ဖြင့် ကျောင်းမြေနှင့် ကျောင်းတိုက်ကို လွှဲပြောင်းပေးအပ်ခဲ့ပြီး ဖြစ်သော်လည်း ယခုအခါမှာ တရားဥပဒေအရ ဘောင်ဝင်စေရန် အတွက် လက်မှတ်ရေးထိုးပြီး လွှဲပြောင်းပေးအပ်နိုင်ရန် အမေရိကန်နိုင်မှ ကြွရောက်တော်မူလာတာ ဖြစ်တယ်လို့ မူလဆရာတော်မှ မိန့်ကြားတော်မူပါတယ်။

 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~ ကြော်ငြာ ~~~~~~~~~

0 comments:

Post a Comment

စီးပွားရေး/လုပ်ငန်း ကြော်ငြာများ