Category 3

.
Home » » မယ်ဆိုင်မြို့တွင် မြန်မာနိုင်ငံသား တစ်ဦး ဆီးစစ်ခံရသည့် မှတ်တမ်း

မယ်ဆိုင်မြို့တွင် မြန်မာနိုင်ငံသား တစ်ဦး ဆီးစစ်ခံရသည့် မှတ်တမ်း

Written By Tachileik News Agency on Friday 14 November 2014 | 07:25

တာချီလိတ်မြို့နှင့် နီးစပ်ပြီး တစ်ဖက်ကမ်းမှာ တည်ရှိနေသည့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ ကော့ဆိုင်း ရပ်ကွက်တွင် ထိုင်းရဲတပ်ဖွဲ့မှ လမ်းသွား လမ်းလာ မော်တော်ယာဉ်များအား စစ်ဆေးရာမှာ ထိုင်းနံပါတ်ပြား တပ်ထားသော မော်တော်ယာဉ်များအား စစ်ဆေးခြင်းမပြုလုပ်ဘဲ မြန်မာနံပါတ်ပြားများကို တပ်ဆင်ထားသည့် မော်တော်ယာဉ်များကိုသာ ရပ်တန့် စစ်ဆေးပြီး မူးယစ်ဆေးဝါး သုံးစွဲထားမှု ရှိမရှိ စသည့် ကိစ္စများနှင့် ပတ်သက်၍ ဆီးစစ်ဆေးခြင်းများကို ပြုလုပ်နေလျက်ရှိရာ ယနေ့ ၂၀၁၄ခုနှစ် နိုဝင်ဘာလ(၁၄)ရက် ညနေ(၅း၃၀)နာရီ အချိန်ခန့်က မြန်မာနိုင်ငံသား တိုင်းရင်းသား တစ်ဦး ဆီးစစ်ခံရခြင်းနှင့် ပတ်သက်၍ စစ်ဆေးခံရသူမှ အရဲစွန့်ကာ ဖုန်းဖြင့် ရိုက်လာသည့် ဗီဒီယို မှတ်တမ်းကို တာချီလိတ်အွန်လိုင်းမှ သတင်းအဖြစ် တင်ဆက်ပေးလိုက်ပါသည်။
( ရုပ်သံ )
စစ်ဆေးခံရသူ မြန်မာနိုင်ငံသား တိုင်းရင်းသား၏ ပြောပြချက်အရ ထိုင်းရဲများသည် ထိုင်းနံပါတ်တပ်ဆင်ထားသည့် ယာဉ်များကို စစ်ဆေးခြင်း မပြုလုပ်ဘဲ မြန်မာနံပါတ် တပ်ဆင်ထားသည့် ယာဉ်များကိုသာ အဓိကထား စစ်ဆေးပြီး၊ ယာဉ်ပေါ်တွင် ပါလာသူအား အိမ်သာသို့ ခေါ်ဆောင်ကာ ဆီးသွားစေပြီး မူးယစ်ဆေးဝါး သုံးစွဲထားမှု ရှိမရှိ ကို သိရှိနိုင်ရန်အတွက် တိုင်းတာ စစ်ဆေးကြောင်း သိရသည်။ ယနေ့ စစ်ဆေးခံရသော မြန်မာနိုင်ငံသားအနေဖြင့် ၎င်းအား ဆီးစစ်တိုင်းတာရာတွင် မူးယစ်ဆေးဝါး သုံးစွဲထားခြင်း မရှိဟု ပေါ်လွင်သည့်အတွက် ပြန်လည်၍ လွတ်ပေးလိုက်ကြောင်း သိရသည်။

 သတင်း ။  ။ ကိုဇောင်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~ ကြော်ငြာ ~~~~~~~~~

0 comments:

Post a Comment

စီးပွားရေး/လုပ်ငန်း ကြော်ငြာများ