တာချီလိတ်မြို့ရှိ လူငယ်များသည် များသောအားဖြင့် KTV များ ဟိုတယ်များ၊ စသည်တို့တွင် စားပွဲထိုး၊ စာရင်းကိုင်၊ အထွေထွေဝန်ထမ်း စသော အလုပ် လုပ်ကိုင်ကြလျက်ရှိပြီး ညဆိုင်းအနေဖြင့် အလုပ်ဆင်းပြီးနောက် နံနက် (၂)နာရီနောက်ပိုင်းတွင် မိမိတို့၏ အိမ် သို့မဟုတ် ၀န်ထမ်းအိမ်ယာသို့ ပြန်လျက်ရှိရာ တာချီလိတ်မြို့တွင် မသမာသူများ၊ လေလွှင့်လူများသည် အလုပ်အပြန် လူသူကင်းမဲ့ချိန်များကို စောင့်ဆိုင်း၍ အလစ်သုတ်မှုများ၊ လုယက်မှုများ မကြာခဏ ဆိုသလို ဖြစ်ပေါ်နေသည်များကို ကြားသိရပြီး၊ ထိုသို့ လုယက်ခံရသူများတွင် များသောအားဖြင့် အမျိုးသမီးများဖြစ်ကြပြီး ထိုသို့ ခံလိုက်ရသည့် အမျိုးသမီးများသည် ပစ္စည်းလုယက်ရုံမဟုတ်ပဲ အသက်ပါ ရန်ရှာသွားမည်ကို စိုးရိမ်ကြောင်း ပြီးခဲ့သော လုယက်မှုများ၏ ဖြစ်စဉ်များအရ ကြားသိရသည်။
( CCTV မှတ်တမ်းအား ကြည့်ရန်)
ယခုဖြစ်ပွားသည့် လုယက်မှုကြောင့် လက်ဆွဲအိတ်တွင် လက်ကိုင်ဖုန်း တစ်လုံး၊ ဆိုင်ကယ်သော့ နှင့် ငွေကြေးအနည်းငယ်သာ ပါသွားသော်လည်း အသက်အန္တရာယ် ထိခိုက်မှု မရှိကြောင်း သိရသည်။
"အခုလို လုယက်မှုဖြစ်တိုင်း တော်သေးတာက၊ ပစ္စည်းတွေပဲ လုယူသွားလို့၊ အသက်အန္တရာယ်ပါ ရန်ရှာရင်၊ ဒါမှ မဟုတ် မိန်းကလေးဆိုတော့ မတော်မတရားလုပ်ခံရရင် ခက်ပြီ၊ အဲ့ဒါကြောင့် တာချီလိတ်က ညမှပြန်လာတဲ့ ဟိုတယ်ဝန်ထမ်းတွေ၊ ညဆိုင်း ၀န်ထမ်းတွေအနေနဲ့ တစ်ယောက်တည်း မသွားလာဖို့ အရေးကြီးပါတယ်၊"ဟု ဆန်ဆိုင်း(က)ရပ်ကွက်နေ အမည်မဖော်လိုသူ အမျိုးသားတစ်ဦးက တာချီလိတ်အွန်လိုင်းသို့ ပြောသည်။
ယခုဖြစ်စဉ်နှင့် ပတ်သက်၍ လုယက်ခံရသူ အမျိုးသမီးမှာ သက်ဆိုင်ရာ ရဲစခန်းသို့ တိုင်ကြားထားခြင်း မရှိကြောင်းလည်း သိရှိရသည်။
သတင်း။ ။ ကိုဇောင်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net



















0 comments:
Post a Comment