Category 3

.
Home » , , » (ရုပ္သံ) တာခ်ီလိတ္ၿမိဳ႕ရွိ အပိုင္း(စ်)ေျမယာေပၚမွ က်ဴးေက်ာ္မ်ားကို ဖယ္ရန္ျပင္ဆင္

(ရုပ္သံ) တာခ်ီလိတ္ၿမိဳ႕ရွိ အပိုင္း(စ်)ေျမယာေပၚမွ က်ဴးေက်ာ္မ်ားကို ဖယ္ရန္ျပင္ဆင္

Written By Tachileik News Agency on Sunday 18 June 2017 | 02:28




တာခ်ီလိတ္ၿမိဳ႕ ဆန္ဆိုင္း(ခ)ရပ္ကြက္အပိုင္းထဲက ေျမယာကြက္သစ္ျဖစ္တဲ့ (စ်)ေျမယာကြက္သစ္နဲ႔ ပတ္သတ္ၿပီး မၾကာမီအေကာင္အထည္ ေဖာ္ႏိုင္ေရးအတြက္ (စ်) ေျမယာကြက္သစ္ထဲမွာ ၀င္ေရာက္ က်ဴးေက်ာ္ေနထိုင္သူမ်ားကို ဥပေဒေဘာင္အတြင္းက ဖယ္ျခားရွင္းလင္းႏိုင္ေရးအတြက္ ဇြန္လ(၁၈)ရက္ေန႔ နံနက္ပိုင္းက တားျမစ္ဆိုင္းဘုတ္ (၃)ခုကို တာခ်ီလိတ္ၿမိဳ႕နယ္စီမံခန္႔ခြဲမႈ ေကာ္မတီက စိုက္ထူခဲ့ၾကပါတယ္။

တားျမစ္ဆိုင္းဘုတ္ရာမွာ တာခ်ီလိတ္ၿမိဳ႕နယ္စီမံခန္႔ခြဲမႈ ေကာ္မတီ ဥကၠဌ တာခ်ီလိတ္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္း၀င္းေအာင္ အပါအ၀င္ ၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွဴး ရဲမွဴး သန္းႏု၊ ၿမိဳ႕နယ္လယ္ယာေျမ စီမံခန္႔ခဲြေရးႏွင့္ စာရင္းအင္းဦးစီးဌာန ဦးစီးအရာရွိ ဦးေက်ာ္နႏၵ၊ ၿမိဳ႕နယ္လ၀ကမွ ဦးစီးအရာရွိ ဦးစိုင္းဆိုင္တစ္၊ ၿမဳိ႕နယ္စုိက္ပ်ဳိးေရးဦးစီးဌာနမွ ၿမဳိ႕နယ္ဦးစီးမွဴး ဦးစုိင္းခင္ေဇာ္လတ္ အပါအ၀င္ ဆန္ဆိုင္း(ခ)ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ဦးစိုင္းေက်ာက္နဲ႔ အဖြဲ႔၀င္မ်ားက ေဆာင္ရြက္ခဲ့ၾကပါတယ္။

တားျမစ္ဆိုင္းဘုတ္ စိုက္ထူရျခင္းနဲ႔ ပတ္သက္ၿပီး တာခ်ီလိတ္ၿမိဳ႕နယ္စီမံခန္႔ခြဲမႈ ေကာ္မတီ ဥကၠဌ  က ရွင္းျပထားၿပီး (စ်)ေျမယာကြက္သစ္နဲ႔ ပတ္သက္ၿပီး အကြက္ေဖာ္ရန္အတြက္ လုပ္ငန္းေဆာင္ရြက္ရန္ ကုမၸဏီေတြကို တြန္းအားေပးဖို႔ အကြက္ခ်ထားေရးေကာ္မတီကို တင္ျပၿပီး မူလခ်ထားေပးတဲ့ ေျမေပးမိန္႔အတိုင္း အကြက္မ်ား ရိုက္ေပးသြားမွာ ျဖစ္တယ္လို႔ ေျမယာမ်ားနဲ႔ ပတ္သက္လို႔ ၿမိဳ႕နယ္လယ္ယာေျမစီမံခန္႔ခဲြေရးႏွင့္ စာရင္းအင္းဦးစီးဌာနမွ ဦးစီးအရာရွိ က ရွင္းျပပါတယ္။

သက္ဆိုင္ရာက ယခုလို တားျမစ္ဆိုင္းဘုတ္မ်ား စိုက္ထူသတိေပးထားျခင္းဟာ က်ဴးေက်ာ္မ်ားနဲ႔ ေျမယာကိစၥမ်ား ေျဖရွင္းမၿပီးခင္အခ်ိန္အထိ ေျမကြက္မ်ားနဲ႔ ပတ္သက္လို႔ ဆက္လက္ၿပီး အရႈပ္အရွင္းမ်ား မျဖစ္ေစရန္အတြက္ အျပန္အလွန္ေရာင္း၀ယ္မႈမ်ား နဲ႔ ေပါင္ႏွံငွားရမ္းမႈမ်ား မျပဳလုပ္ရန္အတြက္ တားျမစ္ျခင္းလည္း ျဖစ္တယ္လို႔ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ထံက သိရပါတယ္။

ရုိက္ကူး/တည္းျဖတ္ - ေဇာင္းညီ
တင္ဆက္ - ကိုေဇာင္း

~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အပိုင်းထဲက မြေယာကွက်သစ်ဖြစ်တဲ့ (ဈ)မြေယာကွက်သစ်နဲ့ ပတ်သတ်ပြီး မကြာမီအကောင်အထည် ဖော်နိုင်ရေးအတွက် (ဈ) မြေယာကွက်သစ်ထဲမှာ ဝင်ရောက် ကျူးကျော်နေထိုင်သူများကို ဥပဒေဘောင်အတွင်းက ဖယ်ခြားရှင်းလင်းနိုင်ရေးအတွက် ဇွန်လ(၁၈)ရက်နေ့ နံနက်ပိုင်းက တားမြစ်ဆိုင်းဘုတ် (၃)ခုကို တာချီလိတ်မြို့နယ်စီမံခန့်ခွဲမှု ကော်မတီက စိုက်ထူခဲ့ကြပါတယ်။

တားမြစ်ဆိုင်းဘုတ်ရာမှာ တာချီလိတ်မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဌ တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင် အပါအဝင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းနု၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်နန္ဒ၊ မြို့နယ်လဝကမှ ဦးစီးအရာရှိ ဦးစိုင်းဆိုင်တစ်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းခင်ဇော်လတ် အပါအဝင် ဆန်ဆိုင်း(ခ)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းကျောက်နဲ့ အဖွဲ့ဝင်များက ဆောင်ရွက်ခဲ့ကြပါတယ်။

တားမြစ်ဆိုင်းဘုတ် စိုက်ထူရခြင်းနဲ့ ပတ်သက်ပြီး တာချီလိတ်မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဌ က ရှင်းပြထားပြီး (ဈ)မြေယာကွက်သစ်နဲ့ ပတ်သက်ပြီး အကွက်ဖော်ရန်အတွက် လုပ်ငန်းဆောင်ရွက်ရန် ကုမ္ပဏီတွေကို တွန်းအားပေးဖို့ အကွက်ချထားရေးကော်မတီကို တင်ပြပြီး မူလချထားပေးတဲ့ မြေပေးမိန့်အတိုင်း အကွက်များ ရိုက်ပေးသွားမှာ ဖြစ်တယ်လို့ မြေယာများနဲ့ ပတ်သက်လို့ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဦးစီးအရာရှိ က ရှင်းပြပါတယ်။

သက်ဆိုင်ရာက ယခုလို တားမြစ်ဆိုင်းဘုတ်များ စိုက်ထူသတိပေးထားခြင်းဟာ ကျူးကျော်များနဲ့ မြေယာကိစ္စများ ဖြေရှင်းမပြီးခင်အချိန်အထိ မြေကွက်များနဲ့ ပတ်သက်လို့ ဆက်လက်ပြီး အရှုပ်အရှင်းများ မဖြစ်စေရန်အတွက် အပြန်အလှန်ရောင်းဝယ်မှုများ နဲ့ ပေါင်နှံငှါးရမ်းမှုများ မပြုလုပ်ရန်အတွက် တားမြစ်ခြင်းလည်း ဖြစ်တယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူး ထံက သိရပါတယ်။


ရိုက်ကူး/တည်းဖြတ် - ဇောင်းညီ
တင်ဆက် - ကိုဇောင်း
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~

0 comments:

Post a Comment

စီးပြားေရး/လုပ္ငန္း ေၾကာ္ျငာမ်ား