Category 3

.
Home » , » တာချီလိတ်မှ ဆိုင်ကယ် ခိုးယူသူ အမျိုးသမီး ( CCTV မှတ်တမ်း )


Written By Tachileik News Agency on Sunday 7 August 2016 | 07:37




..............

တာချီလိတ်မှ ဆိုင်ကယ် ခိုးယူသူ အမျိုးသမီး ( CCTV မှတ်တမ်း )
*****************

မြန်မာ - ထိုင်း နယ်စပ် တာချီလိတ်မြို့နယ်၊ ဆန်ဆိုင်း(က)ရပ်ကွက် (၇)လမ်းတွင် ၂၀၁၆ခုနှစ် ဇူလိုင်လ(၃၁)ရက်နေ့ ည(၈)နာရီခွဲဝန်းကျင်က အမည်မသိ အမျိုးသမီးတစ်ဦးမှ ဆိုင်ကယ်အား ခိုးယူသွားရာ၊ ပိုင်ရှင်မှ အချိန်မီသိရှိလိုက်သည့်အတွက် ပြေးလိုက်ဖမ်းရာမှ ဆိုင်ကယ်ခိုးယူသွားသူ အမျိုးသမီးမှာ ထွက်ပြေးသွားခဲ့ပြီး ဆိုင်ကယ်အား ထားရှိခဲ့သည့်အတွက် ပိုင်ရှင်မှ ဆိုင်ကယ်ကို ပြန်လည်ရရှိခဲ့သော်လည်း အများသူငှါ ဆိုင်ကယ်ခိုးယူမှုကို သတိထားနိုင်ရန်အတွက် တာချီလိတ်သတင်းအေဂျင်စီသို့ CCTV မှတ်တမ်းအား ပေးပို့လာသည့်အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါသည်။

CCTV မှတ်တမ်းတွင် ပါရှိသည့် အမျိုးသမီးနှင့် ဆင်တူသည့် အမျိုးသမီးတစ်ဦးသည်လည်း ယခင်က အဆိုပါ အိမ်ခန်းငှါးမှာပင် မော်တော်ဆိုင်ကယ်အား ခိုးယူခဲ့ဖူးပြီး ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ဖူးကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

0 comments:

Post a Comment

စီးပွားရေး/လုပ်ငန်း ကြော်ငြာများ