Category 3

.
Home » , » ႏိုင္ငံေတာ္အစိုးရ အမည္ကို အသံုးခ်ၿပီး မက္လံုးေပးကာ ဖုန္းဆက္ ေငြလိမ္လည္ သတိထားဖြယ္

ႏိုင္ငံေတာ္အစိုးရ အမည္ကို အသံုးခ်ၿပီး မက္လံုးေပးကာ ဖုန္းဆက္ ေငြလိမ္လည္ သတိထားဖြယ္

Written By Tachileik News Agency on Tuesday 9 August 2016 | 07:28



ယခုေဖာ္ျပပါ ျဖစ္စဥ္သည္ ျမန္မာ - ထိုင္း နယ္စပ္ တာခ်ီလိတ္ၿမိဳ႕၌ ၂၀၁၆ခုႏွစ္ ၾသဂုတ္လ(၉)ရက္ေန႔ ေန႔လယ္ပိုင္းက ျဖစ္ပြားခဲ့ျခင္း ျဖစ္ၿပီး အမ်ားျပည္သူမ်ား ယခုလို အယံုသြင္းခံရကာ လိမ္လည္ခံရမႈမ်ား မျဖစ္ေပၚေစရန္အတြက္ ဖုန္းျဖင့္အလိမ္ခံရသူ ကာယကံရွင္၏ ခြင့္ျပဳခ်က္အရ အသံဖိုင္အား တာခ်ီလိတ္သတင္းေအဂ်င္စီမွ ေဖာ္ျပလိုက္ပါသည္။


"တကယ္ေတာ့ ယခုလို ဖုန္းဆက္ၿပီး ေငြလိမ္မႈကို မီဒီယာမ်ား ႏွင့္ အင္တာနက္မ်ား၌ အက်ယ္တ၀င့္ ေရးသား ေဖာ္ျပထားၾကျခင္းေၾကာင့္ အေစာႀကီးကတည္းက သတိထားမိၿပီးျဖစ္သည့္အတြက္ ၎မွ ဘယ္လိုဆက္၍ လိမ္လည္ေျပာဆိုမလဲဆိုတာကို သိခ်င္ေသာေႀကာင့္ ေရလိုက္ငါးလိုက္လုပ္ရင္း အခ်ိန္အေတာ္ၾကာ ဖုန္းေျပာၿပီး ေငြလႊဲလိုက္ေၾကာင္း ႏွင့္ မဲေပါက္သည့္ ေငြအား ျပန္လႊဲေပးရန္  ၄င္းမွ ေတာင္းဆိုလိုက္သည့္အခါမွာ တစ္ဖက္ လိမ္လည္သူဟာ တာခ်ီလိတ္မွ လႊဲလိုက္ေသာ ေငြက်ပ္(၇)သိန္း မေရာက္ေသးေၾကာင္း ေျပာဆိုလာၿပီး ဖုန္းခဏခဏ ဆက္လာသည့္အတြက္ ဖုန္းကို ပိတ္ထားလိုက္ရေၾကာင္း သိရပါသည္။

( ဖုန္းဆက္၍ လိမ္လည္သည္ကို ရိပ္မိသိရွိထားသူ တာခ်ီလိတ္မွ အမ်ဳိးသမီးမွာ ဖုန္းဆက္လိမ္လည္သူကို ျပန္လည္၍ လိမ္လည္ေျပာဆိုလိုက္သည္မွာ မိဘ/ေမာင္ႏွမအမည္မ်ားအျပင္ ၎၏ အမည္ႏွင့္ မွတ္ပံုတင္နံပါတ္အား အမွန္မေျပာဘဲ၊ လိမ္လည္ေျပာလိုက္ျခင္းျဖစ္သည့္အျပင္ CB ဘဏ္သို႔ ေငြက်ပ္ စုစုေပါင္း (၇၀၀,၈၅၀)လႊဲလိုက္ၿပီဆိုသည္မွာလည္း  တကယ္လႊဲလိုက္ျခင္းမဟုတ္ဘဲ၊ မုသားသံုးလိုက္ျခင္းသာျဖစ္ေၾကာင္း သိရပါသည္။ )

***************

ယခုဖော်ပြပါ ဖြစ်စဉ်သည် မြန်မာ - ထိုင်း နယ်စပ် တာချီလိတ်မြို့၌ ၂၀၁၆ခုနှစ် သြဂုတ်လ(၉)ရက်နေ့ နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး အများပြည်သူများ ယခုလို အယုံသွင်းခံရကာ လိမ်လည်ခံရမှုများ မဖြစ်ပေါ်စေရန်အတွက် ဖုန်းဖြင့်အလိမ်ခံရသူ ကာယကံရှင်၏ ခွင့်ပြုချက်အရ အသံဖိုင်အား တာချီလိတ်သတင်းအေဂျင်စီမှ ဖော်ပြလိုက်ပါသည်။


"တကယ်တော့ ယခုလို ဖုန်းဆက်ပြီး ငွေလိမ်မှုကို မီဒီယာများ နှင့် အင်တာနက်များ၌ အကျယ်တဝင့် ရေးသား ဖော်ပြထားကြခြင်းကြောင့် အစောကြီးကတည်းက သတိထားမိပြီးဖြစ်သည့်အတွက်၎င်းမှ ဘယ်လိုဆက်၍ လိမ်လည်ပြောဆိုမလဲဆိုတာကို သိချင်သောကြောင့် ရေလိုက်ငါးလိုက်လုပ်ရင်း အချိန်အတော်ကြာ ဖုန်းပြောပြီး ငွေလွှဲလိုက်ကြောင်း နှင့် မဲပေါက်သည့် ငွေအား ပြန်လွှဲပေးရန် ၄င်းမှ တောင်းဆိုလိုက်သည့်အခါမှာ တစ်ဖက် လိမ်လည်သူဟာ တာချီလိတ်မှ လွှဲလိုက်သော ငွေကျပ်(၇)သိန်း မရောက်သေးကြောင်း ပြောဆိုလာပြီး ဖုန်းခဏခဏ ဆက်လာသည့်အတွက် ဖုန်းကို ပိတ်ထားလိုက်ရကြောင်း သိရပါသည်။

( ဖုန်းဆက်၍ လိမ်လည်သည်ကို ရိပ်မိသိရှိထားသူ တာချီလိတ်မှ အမျိုးသမီးမှာ ဖုန်းဆက်လိမ်လည်သူကို ပြန်လည်၍ လိမ်လည်ပြောဆိုလိုက်သည်မှာ မိဘ/မောင်နှမအမည်များအပြင်၎င်း၏ အမည်နှင့် မှတ်ပုံတင်နံပါတ်အား အမှန်မပြောဘဲ၊ လိမ်လည်ပြောလိုက်ခြင်းဖြစ်သည့်အပြင် CB ဘဏ်သို့ ငွေကျပ် စုစုပေါင်း (၇၀၀,၈၅၀)လွှဲလိုက်ပြီဆိုသည်မှာလည်း တကယ်လွှဲလိုက်ခြင်းမဟုတ်ဘဲ၊ မုသားသုံးလိုက်ခြင်းသာဖြစ်ကြောင်း သိရပါသည်။ )

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

0 comments:

Post a Comment

စီးပြားေရး/လုပ္ငန္း ေၾကာ္ျငာမ်ား