( ရုပ်သံ : The Mirror )
အနောက်နိုင်ငံ အလယ်ပိုင်းဒေသက ဆင်ခြေဖုံးမြို့လေး တစ်မြို့မှာ နှစ်သစ်ကူးအချိန်က မွေးလာတဲ့ ၀က်တစ်ကောင်ဟာ ပုံမှန် ၀က်ပုံသဏ္ဍာန်လို မဟုတ်ဘဲ ထူးခြားနေတဲ့အတွက် လူတွေ တော်တော်များများဟာ အထူးအဆန်းအဖြစ် ၀ိုင်းအုံကြည့်နေကြပါတယ်။
ဟုတ်ပါတယ်၊ ခန္ဓာကိုယ်ဟာ ၀က်ခန္ဓာကိုယ် ဖြစ်နေပြီး မျက်နှာကတော့ မျောက်မျက်နာနဲ့ တူနေတာပါ။ ၀က်ပိုင်ရှင်ကတော့ သူ့တစ်သက်နဲ့တစ်ကိုယ် ဒီလိုမျိုး တစ်ခါမှ မမြင်ဖူးဘူးလို့ ဆိုပါတယ်။
တိရစ္ဆာန်ဆရာဝန်ကတော့ အခုလို မူမမှန်ဘဲ မွေးလာတဲ့ တိရစ္ဆာန်မျိုးတွေဟာ သဘာဝနဲ့ခြားနားတဲ့အတွက် အသက်မရှည်နိုင်ကြောင်းနဲ့ အသက်ရှင်ရင်လည်း ရက်ပိုင်းမျှသာ အသက်ရှင်လေ့ရှိတယ်လို့ ပြောပါတယ်။ အခု မြင်တွေ့ရတဲ့ ထူးဆန်းတဲ့ ၀က်လေးဟာ အသက်(၄)ရက်သာ ရှင်သန်ခဲ့ပြီး သေဆုံးသွားခဲ့ပါတယ်။
ဘာသာပြန်။ ။ နန်းမောက်ကွမ်
Ref; The Mirror
⊰❂ #TachileikNewsAgency #TachileikOnlineNews www.tachileik.net ❂⊱
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
0 comments:
Post a Comment