Category 3

.
Home » , , » တာချီလိတ်၌ သူခိုးများပေါများနေ၊ CCTV များ တပ်ထားသင့်

တာချီလိတ်၌ သူခိုးများပေါများနေ၊ CCTV များ တပ်ထားသင့်

Written By Tachileik News Agency on Tuesday 15 September 2015 | 04:02

( ရုပ်သံတင်ဆက်မှု )

အခု ဖော်ပြပါ CCTV မှတ်တမ်းဟာ တာချီလိတ်မြို့ ၀မ်ကောင်းရပ်ကွက်အတွင်းက နေအိမ်တစ်အိမ်ရဲ့ အရှေ့က ကားမိုးကာကို ခိုးယူသွားတဲ့ မှတ်တမ်းဖြစ်ပြီး အခုလို CCTV တပ်ဆင်ထားတဲ့အတွက် ခိုးသွားသူကို ပြန်လည်ဖော်ထုတ်ရမိခဲ့တယ်လို့ ခိုးခံရသူက ပြောပါတယ်။

 အဲ့ဒီလိုပဲ စက်တင်ဘာလအတွင်းမှာ အသက်(၁၀)နှစ်ကျော်သာရှိသေးတဲ့ လူငယ်တစ်ဦးဟာ နံနက်(၃)နာရီကျော်မှာ စားသောက်ဆိုင်တစ်ဆိုင်ထဲဝင်ပြီး ဖုန်းဝင်ခိုးတဲ့ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ပြီး CCTV မှတ်တမ်းကြောင့် ခိုးသွားတဲ့ လူငယ်တစ်ဦးကို ဖော်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

 တာချီလိတ်မြို့မှာ ဆိုင်ကယ်ခိုးခံရမှုများ၊ ပိုက်ဆံအိတ်လုခံရမှုများ မကြာခဏဖြစ်ပွားနေတဲ့အတွက် နေအိမ်တိုင်း၊ ဈေးဆိုင်တိုင်းမှာ CCTV များကို တပ်ဆင်ထားသင့်ကြောင်းနဲ့ အဲ့ဒီလို တပ်ဆင်ထားရှိတဲ့အတွက် တရားခံကို အမြန်ဆုံးဖော်ထုတ်နိုင်ဖို့ ကြိုးစားတဲ့အခါမှာ အထောက်အကူဖြစ်စေတယ်လို့ ရဲအရာရှိတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီကို အကြံပြုပြောလာပါတယ်။

 တာချီလိတ်မြို့မှာ သူခိုးများ ပေါများနေပြီး ဆိုင်ကယ်များ ခိုးခံရမှု မကြာခဏဖြစ်ပွားနေမှုများကြောင့် ဒေသခံပြည်သူများဟာ မိမိတို့အတွက် လုံခြုံစိတ်ချရမှု မရှိတော့သလို ခံစားနေရကြောင်း ပြောဆိုနေကြတာကို ကြားသိရပါတယ်။
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~

0 comments:

Post a Comment

စီးပွားရေး/လုပ်ငန်း ကြော်ငြာများ