Category 3

.
Home » , » ( ရုပ်သံ ) ချောင်းငယ်ဘေးက စိုးရိမ်စရာ MPT ဖုန်းကြိုးတိုင်

( ရုပ်သံ ) ချောင်းငယ်ဘေးက စိုးရိမ်စရာ MPT ဖုန်းကြိုးတိုင်

Written By Tachileik News Agency on Sunday, 20 September 2015 | 03:55


( ရုပ်သံတင်ဆက်မှု )
အခု မြင်တွေ့ရတဲ့ တိုင်ကတော့ MPT ဖုန်းကြိုးတိုင်ပဲဖြစ်ပါတယ်။ ဒီတိုင်ဟာ တာချီလိတ်မြို့ ၀မ်ကောင်းရပ်ကွက် မှ ကချင်ရွာဘက်သို့ သွားတဲ့လမ်းမှာဖြစ်ပြီး အနီးဆုံးကတော့ ချောင်းငယ်ဘေးမှာရှိနေတာပါ။

မိုးတွင်းအခါဆိုရင် ဒီချောင်းငယ်မှာ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လေ့ရှိသလို၊ အခု ဖော်ပြပါ မြင်ကွင်းများမှာ ချောင်းငယ်ကမ်းပါးမှာ မြေများအတော်အတန်ပြိုနေတာကိုလည်း တွေ့မြင်ရပါတယ်။

အခုမြင်တွေ့ရတဲ့ တိုင်ဟာ လမ်းဘေးမှာရှိတဲ့အတွက် ရေတိုက်စားမှုနှင့်အတူ တိုင်ကျိုးကျပြိုလဲသွားမှာကို လမ်းသွားလမ်းလာများမှလည်း စိုးရိမ်နေလျက်ရှိကြောင်းသိရတဲ့အတွက် တာချီလိတ်သတင်းအေဂျင်စီမှ တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

0 comments:

Post a Comment

စီးပွားရေး/လုပ်ငန်း ကြော်ငြာများ