Pages

Thursday, 23 October 2014

အသေလှတဲ့ အဖွားဒေါ်တင်အေး (တာချီလိတ်)

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်၊ ၀မ်ကောင်းရပ်ကွက်တွင် နေထိုင်သူ အသက်(၈၁)နှစ်ရှိ အဖွားဒေါ်တင်အေးသည် ၂၀၁၄ခုနှစ် အောက်တိုဘာလ (၂၁)ရက်နေ့ ညနေ(၅း၂၀)နာရီ အချိန်က ကွယ်လွန်သွားပြီးနောက် မီးသဂြို င်္ဟ်မည့် အောက်တိုဘာလ (၂၃)ရက်နေ့အချိန်ထိ ၎င်း၏ ခန္ဓာကိုယ် ကိုယ်လက်ခြေအင်္ဂါများ နှင့် အသားအရေများသည် အသက်ရှင်လျက်ရှိစဉ်က အတိုင်း ပျော့နေသည့် ထူးခြားဖြစ်စဉ်တစ်ရပ်ကို တွေ့ရှိရသည်။

 အဖွားဒေါ်တင်အေး ကွယ်လွန်သွားပြီးနောက် နေအိမ်မှာ ထားရှိစဉ်အတွင်း အနံ့အသက်များ မထွက်စေရန်အတွက် ခန္ဓာကိုယ်အတွင်းသို့ ဆေးထိုးထားခြင်းမရှိဘဲ နေအိမ်တွင်း (၃)ရက်တိတိထားရှိ ထားရာမှာ အသက်အနံ့များထွက်ခြင်း၊ ခန္ဓာကိုယ်သည် တောင့်တင်းနေခြင်းမရှိသည်ကိုလည်း ထူးခြားစွာတွေ့မြင်ရသည်။

( ဗီဒီယိုသတင်းမှတ်တမ်းအား ကြည့်ရှုရန် )

ထိုသို့ထူးဆန်းမှုနှင့် ပတ်သက်၍ လာရောက်ကြည့်ရှုသူများက သောတပန် ဟု ယူဆကြတာကိုလည်း ကြားသိရပြီး ယခုလို ဖြစ်စဉ်မျိုးသည် တာချီလိတ်မြို့တွင် ယခင်က မရှိခဲ့ဖူးကြောင်းလည်း ပြောဆိုနေကြသည်။
သတင်း။  ။ ကိုဇောင်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

No comments:

Post a Comment