ကလေးမြို့နယ် ပြည်တော်သာကျေးရွာမှာ နေထိုင်တဲ့ ချင်းတိုင်းရင်းသား မောင်ခမ်းကျင်ဟာ မလေးရှားနိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်ရန်အတွက်ဆိုပြီး
မလေးရှားကို တရားမ၀င်နည်းလမ်းနဲ့ လာအိုနိုင်ငံကတဆင့် ၀င်ရောက်ရာမှာ မောင်ခမ်းကျင်ဟာ လာအိုနိုင်ငံထဲမှာပဲ တရားမ၀င် ၀င်ရောက်မှုနဲ့ လွန်ခဲ့သော
တစ်နှစ်ကျော်က လာအိုရဲများရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး နောက်မှာ ပြစ်ဒဏ်အဖြစ် ထောင်တစ်နှစ်နဲ့၂လ ကျခံခဲ့ရပါတယ်။
ဒီလိုလွှဲပြောင်းပေးအပ်တဲ့အခါမှာ တာချီလိတ်ခရိုင်လ၀က ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စွာလွင် နဲ့ အဖွဲ့ လက်မှတ်ရေးထိုးပြီး လွှဲပြောင်းမှုကို လက်ခံခဲ့ကြတာဖြစ်ပါတယ်။ အခုလို လွှဲပြောင်းခြင်းကို တာချီလိတ်အွန်လိုင်းမှ ရိုက်ကူးတင်ဆက်ပေးထားပါသည်။
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net



















0 comments:
Post a Comment