Category 3

.
Home » , » ပြစ်ဒဏ်စေ့ ထိုင်းနိုင်ငံသားအား တာချီလိတ်မှတဆင့် ထိုင်းဘက်သို့ လွှဲပြောင်း

ပြစ်ဒဏ်စေ့ ထိုင်းနိုင်ငံသားအား တာချီလိတ်မှတဆင့် ထိုင်းဘက်သို့ လွှဲပြောင်း

Written By Tachileik News Agency on Saturday 26 July 2014 | 10:34

ရှမ်းပြည်နယ်၊ တောင်ပိုင်း လင်းခေးမြို့နယ် ဒါးဆိပ်ကျေးရွာအုပ်စု၊ နမ့်အွန်ကျေးရွာတွင် တရားမ၀င် ရောက်ရှိနေသော အသက်(၂၅)နှစ်ရှိ ထိုင်းနိုင်ငံသား စိုင်းခမ်းလီ(ခ)Mr Rittichai အား မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေးဌာနမှ လ၀ကအက်ဥပဒေနှင့် ပို့ကုန်သွင်းကုန် ဥပဒေဖြင့် စုစုပေါင်း ထောင်(၇)လချကာ အရေးယူပြီးနောက် ယနေ့ ဇူလိုင်လ(၂၆)ရက် မွန်းလွဲပိုင်းက ထိုင်း - မြန်မာနယ်စပ် တာချီလိတ်မြို့ ရှိ အမှတ်(၁) ချစ်ကြည်ရေးတံတားမှတဆင့် ထိုင်းဘက်တာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်သည်ကို ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါသည်။



သတင်းအပြည့်အစုံ အောက်တွင်ဖတ်ရန်....

ရှမ်းပြည်နယ်၊ တောင်ပိုင်း လင်းခေးမြို့နယ် ဒါးဆိပ်ကျေးရွာအုပ်စု၊ နမ့်အွန်ကျေးရွာတွင် တရားမ၀င် ရောက်ရှိနေသော အသက်(၂၅)နှစ်ရှိ ထိုင်းနိုင်ငံသား စိုင်းခမ်းလီ(ခ)Mr Rittichai အား မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေးဌာနမှ လ၀ကအက်ဥပဒေနှင့် ပို့ကုန်သွင်းကုန် ဥပဒေဖြင့် စုစုပေါင်း ထောင်(၇)လချကာ အရေးယူပြီးနောက် ယနေ့ ဇူလိုင်လ(၂၆)ရက် မွန်းလွဲပိုင်းက ထိုင်း - မြန်မာနယ်စပ် တာချီလိတ်မြို့ ရှိ အမှတ်(၁) ချစ်ကြည်ရေးတံတားမှတဆင့် ထိုင်းဘက်တာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ် လိုက်ကြောင်း သိရသည်။


ထိုသို့ လွှဲပြောင်းပေးအပ်ရာတွင် မြန်မာဘက်မှ တာချီလိတ် မကဖ(၈) ဦးစီးအရာရှိ ဦးသိန်းမောင်၊ မကဖ(၈) လ၀ကမှူး ဦးတင်ထွန်းအောင်၊ ဒုရဲအုပ် တင်ဝင်း၊ စရဖ တပ်သား ၀ဏ္ဏဌေး နှင့် ဘာသာပြန် ဦးစည်သူတို့ ပါဝင်သည့် အဖွဲ့မှ လက်မှတ်ရေးထိုး၍ လွှဲပြောင်းပေးအပ်ရာ ထိုင်းနိုင်ငံဘက်မှ ထိုင်းလ၀က ဦးစီးအရာရှိ ထ၀ှစ်ချိုင်းအော့ဘွန် နှင့် လ၀က အမှုစစ်အရာရှိ ကရစ် စမနဆတ်၊ ထိုင်းနယ်ခြားကော်မတီ အဖွဲ့ဝင် ဒုဗိုလ် ဆူဝမ်း နှင့် ဒုအရာခံဗိုလ် ချိုင်းလို့ ကောင်ဝမ်း တို့မှ လက်မှတ်ရေးထိုး၍ လွှဲပြောင်းမှုကို လက်ခံခဲ့ကြသည်။


ထိုင်းနိုင်ငံသား စိုင်းခမ်းလီ(ခ)Mr Rittichai သည် မယ်ဟောင်ဆောင်မှ တဆင့် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်၊ တောင်ပိုင်း လင်းခေးမြို့နယ် ဒါးဆိပ်ကျေးရွာအုပ်စု၊ နမ့်အွန်ကျေးရွာသို့ တရားမ၀င်နည်းလမ်းဖြင့် ကားနှင့်သွားရောက်ကာ နေထိုင်ရင်း သက်ဆိုင်ရာမှ တွေ့ရှိသွားပြီးနောက် ၎င်းအား လင်းခေးမြို့နယ် တရားရုံးမှ ၁၉၄၇ခုနှစ် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး (လတ်တလောပြဌာန်းချက်များ) အက်ဥပဒေ ပုဒ်မ-၁၃(၁)ဖြင့် အလုပ်နှင့်ထောင်ဒဏ် (၆)လ ငွေဒဏ် (၅၀၀၀၀)ကျပ် နှင့် လိုင်စင်မဲ့ကားအား မောင်းနှင်မှုဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ-၈ အရ အလုပ်နှင့်ထောင်ဒဏ် (၁)လ ငွေဒဏ် (၅၀၀၀၀)ကျပ် စုစုပေါင်း ထောင်ဒဏ် (၇)လအဖြစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ရာမှ အဆိုပါ ထိုင်းနိုင်ငံသားသည် တောင်လေးလုံးထောင်တွင် အကျဉ်းကျခံခဲ့ရကြောင်း သိရသည်။


ပြစ်ဒဏ်ကျခံရသော ထိုင်းနိုင်ငံသားသည်  တောင်သုံးလုံးထောင်တွင် ပြစ်ဒဏ်စေ့ရောက်သည့်အတွက် ကနေဦး ကျိုင်းတုံမြို့ မကဖ(၇)မှ ပြည်နှင်ပို့ဆောင်ရေးအဖွဲ့ ဒု-လ၀ကမှူး ဦးတင်အောင်မိုး မှ တာချီလိတ်မြို့ မကဖ(၈)ဦးစီးရုံးခန်းတွင် မကဖ(၈)ပြည်နှင်အဖွဲ့ထံ ပြစ်ဒဏ်စေ့ရောက်သည့် ထိုင်းနိုင်ငံသားအား လွှဲပြောင်းခဲ့ကြပြီး ထိုမှတဆင့် မကဖ(၈)ပြည်နှင်အဖွဲ့မှ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ လ၀က အဖွဲ့ထံသို့ လွှဲပြောင်းလိုက်ခြင်းဖြစ်သည်။

အဆိုပါလွှဲပြောင်းမှုတွင် အသက်(၂၅)နှစ်ရှိ ထိုင်းနိုင်ငံသား စိုင်းခမ်းလီ(ခ)Mr Rittichai က"၎င်းအနေဖြင့် မယ်ဟောင်ဆောင်မှတဆင့် လင်းခေးသို့ လိုင်းကားဖြင့် သွားရောက်တာဖြစ်ကြောင်း၊ လင်းခေးတွင် ၎င်း၏ ချစ်သူရှိ၍ သွားရောက်နေထိုင်ရင်းဖြင့် အဖမ်းခံရတာဖြစ်ကြောင်း"စသည်ဖြင့်  ပြန်လည်ပြောပြချက်အရ သိရသည်။
သတင်း။   ။ ကိုဇောင်း

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~


~~~~~~~~~ ကြော်ငြာ ~~~~~~~~~

0 comments:

Post a Comment

စီးပွားရေး/လုပ်ငန်း ကြော်ငြာများ