Category 3

.
Home » , , » တာချီလိတ်မြို့ ဗိုလ်ချုပ်အောင်ဆန်း လမ်းမပေါ် နှင့် အနိမ့်ပိုင်း ရပ်ကွက်များသို့ ရေလျှံ

တာချီလိတ်မြို့ ဗိုလ်ချုပ်အောင်ဆန်း လမ်းမပေါ် နှင့် အနိမ့်ပိုင်း ရပ်ကွက်များသို့ ရေလျှံ

Written By Tachileik News Agency on Monday 17 September 2018 | 23:07





မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့မှာ ၂၀၁၈ခုနှစ် စက်တင်ဘာလ(၁၇)ရက်နေ့ ညပိုင်းက မိုးရွာသွန်းမှုနှင့်အတူ တောင်ကျရေကြောင့် တာချီလိတ်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမရဲ့ ဆန်ဆိုင်း(က)ရပ်ကွက်အပိုင်းမှာ ရေများ ၀င်ရောက်နေတာကို စက်တင်ဘာလ(၁၈)ရက်နေ့ နံနက်က တွေ့မြင်ရသော်လည်း လက်ရှိအနေအထားအရ စိုးရိမ်ဖွယ်မရှိကြောင်း သိရပါတယ်။

အဲ့ဒီလိုပဲ အနိမ့်ပိုင်းရပ်ကွက်များဖြစ်တဲ့ တာလော့ဈေးနဲ့ တာလော့ရပ်ကွက်အတွင်းမှာလည်း ရေများ ၀င်ရောက်မှု စက်တင်ဘာလ(၁၈)ရက်နေ့ နံနက်(၁၁)နာရီကျော်အထိ ကြုံတွေ့နေရဆဲဖြစ်ပြီး အရေးပေါ် ကယ်ဆယ်ရေးများ လိုအပ်ပါက ကူညီပေးနိုင်ရန် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့က အဆင်သင့်ဖြစ်နေတယ်လို့လည်း သိရပါတယ်။


 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~ 

0 comments:

Post a Comment

စီးပွားရေး/လုပ်ငန်း ကြော်ငြာများ