Pages

Tuesday, 14 May 2019

တာချီလိတ်က ကလေးများအတွက် Prince & Princess International



ထိုင်းနိုင်ငံ၊ ပတ္တယားတွင်ကျင်းပမည့် Prince & Princess International ပြိုင်ပွဲအတွက် ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့မှ ပြိုင်ပွဲဝင်များကို ၂၀၁၉ခုနှစ် မေလ (၁၅)ရက်နေ့နောက်ဆုံးထား လက်ခံမည်ဖြစ်ပြီး လက်ရှိစာရင်းပေးထားသူများကို ပြိုင်ပွဲဝင်နိုင်ရန် လေ့ကျင့်မှုများ ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲသို့ အသက် (၄) နှစ်မှ (၁၇) နှစ်အရွယ် ယောက်ျားလေး၊ မိန်းကလေးအားလုံး ဝင်ရောက်ယှဉ်ပြိုင်နိုင်မည်ဖြစ်ပြီး ရွေးချယ်ခံရသူများအနေဖြင့် ထိုင်းနိုင်ငံသို့ တာချီလိတ်မြို့ ကိုယ်စားပြုသွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း နှင့် ပြိုင်ပွဲဝင်လိုသူများ အနေဖြင့် ပြိုင်ပွဲဝင်လျှောက်လွှာများကို မသီရိ ဖုန်း ၀၉၂၆၁၄၅၀၃၇၉ နှင့် ကိုလင်းထက်လင်း ဖုန်း ၀၉၄၂၁၀၀၉၉၇၂ တို့သို့ ဆက်သွယ်ရယူလျှောက်ထားနိုင်ကြောင်း သိရသည်။

တင်ဆက် - ကိုဇောင်း
ရိုက်ကူး - ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  

No comments:

Post a Comment