Pages

Monday, 17 September 2018

မာန္ေအာင္ၿမိဳ႕နယ္အတြင္းရွိ နဂါးရႊြံ႕မီးေတာင္ ေပါက္ကြဲ၍ လယ္(၁)ဧကနီးပါး ပ်က္စီး




ရခုိင္ျပည္နယ္၊ မာန္ေအာင္ၿမိဳ႕နယ္၊ ရဲကြၽန္းေျမာက္ေက်း႐ြာႏွင့္ ရဲကြၽန္းေတာင္ေက်း႐ြာၾကားရွိ နဂါး႐ႊံ႕မီးေတာင္ အေဟာင္း(အႀကီး)မွ ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ (၁၆) ရက္ေန႔ နံနက္(၇)နာရီ (၁၅)မိနစ္မွစ၍ နာရီဝက္ၾကာ ေခ်ာ္ရည္မ်ား မႈတ္ထုတ္ခဲ့သျဖင့္ လယ္(၁)ဧကနီးပါး ေခ်ာ္ရည္ပူမ်ား ဖံုးလႊမ္း သြားေၾကာင္း ျပည္ထဲေရးဝန္ႀကီးဌာန ထုတ္ျပန္ခ်က္အရ သိရသည္။

အဆိုပါ ရႊံ႕မီးေတာင္မွ ပထမအႀကိမ္ အျမင့္ေပ (၂၀) ခန္႔ႏွင့္ ဒုတိယအႀကိမ္ အျမင့္ေပ (၅၀) ခန္႔ ေခ်ာ္ရည္မ်ား မႈတ္ထုတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

 ၎ရႊြံ႕မီးေတာင္ ေပါက္ကြဲမႈေၾကာင့္ ရဲကြၽန္းေျမာက္ေက်း႐ြာမွ ေတာင္သူ ဦးမ်ိဳးေအာင္၏ လယ္ဧက (၀.၅၀)ႏွင့္ ဦးဖဲသာ၏ လယ္ဧက (၀.၅၀) ဧကခန္႔ရိွ စပါးခင္းမ်ားတြင္ ေခ်ာ္ရည္မ်ား ဖုံးလႊမ္း ပ်က္စီးသြားေၾကာင္း သိရသည္။

အဆိုပါ ရႊံ႕မီးေတာင္က (၄)ႏွစ္ သို႔မဟုတ္ (၅)ႏွစ္တစ္ႀကိမ္ခန္႔ ေခ်ာ္ရည္မ်ားမႈတ္ထုတ္ေလ့ရိွၿပီ ၂၀၁၄ ခုႏွစ္တြင္ ေနာက္ဆုံးအႀကိမ္ ေခ်ာ္ရည္မ်ားမႈတ္ထုတ္ခဲ့ဖူးေၾကာင္း သိရသည္။

Tachileik News Agency
vdo Source: အရွင္ေတဇနိယ ရဲကြ်န္းေျမာက္ပိုင္းဆရာေတာ္




~~~~~~~~⊰❂ unicode ~~~~~~~~


ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်၊ ရဲကျွန်းမြောက်ကျေးရွာနှင့် ရဲကျွန်းတောင်ကျေးရွာကြားရှိ နဂါးရွှံ့မီးတောင် အဟောင်း(အကြီး)မှ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၁၆) ရက်နေ့ နံနက်(၇)နာရီ (၁၅)မိနစ်မှစ၍ နာရီဝက်ကြာ ချော်ရည်များ မှုတ်ထုတ်ခဲ့သဖြင့် လယ်(၁)ဧကနီးပါး ချော်ရည်ပူများ ဖုံးလွှမ်း သွားကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ရွှံ့မီးတောင်မှ ပထမအကြိမ် အမြင့်ပေ (၂၀) ခန့်နှင့် ဒုတိယအကြိမ် အမြင့်ပေ (၅၀) ခန့် ချော်ရည်များ မှုတ်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းရွှံ့မီးတောင် ပေါက်ကွဲမှုကြောင့် ရဲကျွန်းမြောက်ကျေးရွာမှ တောင်သူ ဦးမျိုးအောင်၏ လယ်ဧက (ဝ.၅၀)နှင့် ဦးဖဲသာ၏ လယ်ဧက (ဝ.၅၀) ဧကခန့်ရှိ စပါးခင်းများတွင် ချော်ရည်များ ဖုံးလွှမ်း ပျက်စီးသွားကြောင်း သိရသည်။

အဆိုပါ ရွှံ့မီးတောင်က (၄)နှစ် သို့မဟုတ် (၅)နှစ်တစ်ကြိမ်ခန့် ချော်ရည်များမှုတ်ထုတ်လေ့ရှိပြီ ၂၀၁၄ ခုနှစ်တွင် နောက်ဆုံးအကြိမ် ချော်ရည်များမှုတ်ထုတ်ခဲ့ဖူးကြောင်း သိရသည်။

Tachileik News Agency
vdo Source: အရှင်တေဇနိယ ရဲကျွန်းမြောက်ပိုင်းဆရာတော်
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~ 

No comments:

Post a Comment