Pages

Sunday, 26 June 2016

(ရုပ္သံ) ဓမၼစကူးလ္ေက်ာင္း တာခ်ီလိတ္(အ.ထ.က)၏ တတိယအႀကိမ္ သင္ယူၿပီးေျမာက္ျခင္း အခမ္းအနား

( ရုပ္သံ )


တာခ်ီလိတ္၊ ဇြန္လ(၂၆)
တာခ်ီလိတ္ၿမိဳ႕နယ္ မကာဟိုခမ္းရပ္ကြက္မွာရွိတဲ့ အေျခခံပညာအထက္တန္းေက်ာင္းရဲ႕ ဓမၼစကူးလ္ ေက်ာင္းေတာ္၏ တတိယအႀကိမ္ေျမာက္ ပညာသင္ယူၿပီးေျမာက္ေၾကာင္း လက္မွတ္ေပးအပ္ပြဲနဲ႔ ေမာင္မယ္သစ္လြင္ႀကိဳဆိုပြဲကို ဇြန္လ(၂၅)ရက္ေန႔ မြန္းလြဲပိုင္းက မကာဟိုခမ္းရပ္ကြက္ရွိ ဟုတ္တက္မဂၤလာခန္းမမွာ က်င္းပခဲ့ပါတယ္။

တာခ်ီလိတ္ၿမိဳ႕နယ္အတြင္းမွာ ဓမၼစကူးလ္ေက်ာင္းေတာ္ စုစုေပါင္း (၂၂)ေက်ာင္းရွိၿပီး ၂၀၁၃ ခုႏွစ္ ၾသဂုတ္လအတြင္းက  စတင္ဖြင့္လွစ္ခဲ့တာျဖစ္တဲ့အျပင္ တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း ဓမၼစကူးလ္ေက်ာင္းေတာ္မ်ားမွာ တက္ေရာက္ေနတဲ့ ေက်ာင္းသား၊ ေက်ာင္းသူ စုစုေပါင္းဟာ (၃၀၀၀)ခန္႔ရွိၿပီးေတာ့ ဆရာဆရာမ ဦးေရဟာ (၁၂၇)ဦးခန္႔ရွိတယ္ သိရပါတယ္။


တာချီလိတ်၊ ဇွန်လ(၂၆)
တာချီလိတ်မြို့နယ် မကာဟိုခမ်းရပ်ကွက်မှာရှိတဲ့ အခြေခံပညာအထက်တန်းကျောင်းရဲ့ ဓမ္မစကူးလ် ကျောင်းတော်၏ တတိယအကြိမ်မြောက် ပညာသင်ယူပြီးမြောက်ကြောင်း လက်မှတ်ပေးအပ်ပွဲနဲ့ မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ဇွန်လ(၂၅)ရက်နေ့ မွန်းလွဲပိုင်းက မကာဟိုခမ်းရပ်ကွက်ရှိ ဟုတ်တက်မင်္ဂလာခန်းမမှာ ကျင်းပခဲ့ပါတယ်။

တာချီလိတ်မြို့နယ်အတွင်းမှာ ဓမ္မစကူးလ်ကျောင်းတော် စုစုပေါင်း (၂၂)ကျောင်းရှိပြီး ၂၀၁၃ ခုနှစ် သြဂုတ်လအတွင်းက စတင်ဖွင့်လှစ်ခဲ့တာဖြစ်တဲ့အပြင် တာချီလိတ်မြို့နယ်အတွင်း ဓမ္မစကူးလ်ကျောင်းတော်များမှာ တက်ရောက်နေတဲ့ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်းဟာ (၃၀၀၀)ခန့်ရှိပြီးတော့ ဆရာဆရာမ ဦးရေဟာ (၁၂၇)ဦးခန့်ရှိတယ် သိရပါတယ်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  


~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

No comments:

Post a Comment