Pages

Monday, 21 December 2015

တာချီလိတ်မြို့ရဲ့ ရှမ်းနှစ်သစ်ကူးပွဲ (၂၀၁၅)


ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ရှမ်းတိုင်းရင်းသားများ ရဲ့ ၂၁၁၀နှစ်မြောက် နှစ်သစ်ကူးပွဲတော် အခမ်းအနားအား ဆေခမ်းရပ်ကွက်ရှိ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းပိုင်ကွင်းမှာ ဒီဇင်ဘာလ(၁၈)ရက်နေ့မှ (၂၁)ရက်နေ့အထိ (၄)ရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့ပါတယ်။

( ရုပ်သံ )

ရှမ်းတိုင်းရင်းသား နှစ်သစ်ကူးပွဲတော်မှာတော့ ရိုးရာအက၊ ရိုးရာတေးသီချင်းသီဆိုမှုများအပြင် ရှမ်းဘာသာနဲ့ သီဆိုထားတဲ့ ခေတ်ပေါ် တေးသီချင်းတွေကို ဒေသခံ ရှမ်းတိုင်းရင်းသား အဆိုတော်များကလည်း ဖျော်ဖြေတင်ဆက်ခဲ့ပါတယ်။

တာချီလိတ်မှာကျင်းပတဲ့ ရှမ်းရိုးရာနှစ်သစ်ကူးပွဲတော်ရဲ့ ပွဲခင်းအတွင်းမှာတော့ ဒေသခံတိုင်ရင်းသားများနဲ့ ပြည်သူများ စိတ်အပန်းပြေ စေရန် ဥာဏ်ကိုအသုံးပြုရတဲ့ ကစားနည်းတွေပါဝင်ပြီး ပွဲဈေးတန်းများမှာတော့ ရိုးရာအစားအစာတွေ ရိုးရာအ၀တ်အထည်တွေကိုလည်း ရောင်းချနေတာကို တွေ့ရပါတယ်။

ရှမ်းနှစ်သစ်ကူးပွဲတော်ကို မြန်မာနိုင်ငံအနှံ့အပြားမှာရှိတဲ့ ရှမ်းတိုင်းရင်းသားများနေထိုင်ရာ ဒေသများမှာ ကျင်းပခဲ့ကြပြီး တာချီလိတ်မှာတော့ ယခင်နှစ် နဲ့မတူ (၄)ရက်တိုင်တိုင် ကျင်းပခဲ့ကြပါတယ်။

တင်ဆက်။ ။ ကိုဇောင်း
ရိုက်ကူး။ ။ ဇောင်းညီ
တည်းဖြတ်။ ။ ကိုဇက်
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


No comments:

Post a Comment