Pages

Wednesday, 23 September 2015

(ရုပ်သံ) တာချီလိတ်မြို့ ရီဂျီးနားလမ်းတစ်လျှောက်မှာ လမ်းမီးများ မဲမှောင်နေ

( ရုပ်သံ တင်ဆက်မှု )

တာချီလိတ်မြို့ထဲဖြစ်တဲ့ ရီဂျီနားဂေါက်ကွင်းသွားတဲ့လမ်းမှာ လမ်းမီးတိုင် အတိုင်(၃၀)ရှိတဲ့အနက် လမ်းမီးတိုင်(၁၀)တိုင်သာ လင်းနေတာကြောင့် အမှောင်အားကိုးပြီး ဒုစရိုက်မှုကျူးလွန်နိုင်သူများအတွက် အထောက်အကူဖြစ်စေတယ်လို့ မြို့ခံပြည်သူတစ်ချို့ရဲ့ ပြောဆိုသံများကို ကြားသိရပါတယ်။

ရီဂျီးနားဂေါက်ကွင်း လမ်းတစ်လျှောက်မှာ ညနေဆိုရင် လမ်းလျှောက်သူများရှိနေပြီး၊ ည(၁၀)နာရီအချိန် အဆိုပါလမ်းပေါ် လမ်းလျှောက်သူများ၊ ဆိုင်ကယ်များနဲ့ စီးသွားစီးလာ ပြုလုပ်နေကြသူများဖြင့် ဒီလမ်းဟာ
ပြည်သူများအတွက် အသုံးဝင်နေသော်လည်း လမ်းမီးများ အပြည့်အ၀ မလင်းတဲ့အတွက် ဒုစရိုက်မှုများ ဖြစ်ပွားစေမှာကိုလည်း စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

အခု မြင်တွေ့ရတဲ့ ရီဂျီးနားဂေါက်ကွင်းလမ်းမှာ တစ်ချိန်က လုယက်၊ ရိုက်နှက်ကာ ဆိုင်ကယ်လုယူမှုများအပြင် သေနတ်ဖြင့် ပစ်သတ်သည့် လူသတ်မှုများအထိ ဖြစ်ပွားခဲ့တဲ့လမ်းဖြစ်တဲ့ အတွက် လမ်းမီးများ ထိန်ထိန်လင်းနေသင့်တယ်လို့ ဒေသခံများရဲ့ ပြောနေကြတာကို ကြားသိရတဲ့အတွက် တာချီလိတ်သတင်းအေဂျင်စီမှ ရုပ်သံအဖြစ် တင်ဆက်လိုက်ပါတယ်ခင်ဗျာ။

တင်ဆက်။  ။ ကိုဇောင်း
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

No comments:

Post a Comment