Pages

Wednesday, 29 July 2015

(ရုပ်သံ) ချင်းပြည်နယ် ဟားခါးတွင် မိုးရွာ၍ မြေပြိုကာ အိမ်များပြိုကျ


( ရုပ်သံ )

ချင်းပြည်နယ် ဟားခါးမြို့မှာ စံချိန်တင် မိုးရွာသွန်းမှုများကြောင့် မြေများပြိုလာပြီး လူနေအိမ် အဆောက်အဦများ ပြိုကျနေတာဖြစ်ပါတယ်။

ဇူလိုင်လ(၂၉)ရက် နေ့ကဖြစ်ပွားတာဖြစ်ပြီး ပြိုကျမှုနှင့်အတူ ဖျက်လိုက်ရသည့် အိမ်ခြေဟာ (၁၀)အိမ်ဝန်းကျင်ရှိပြီလို့သိရပါတယ်။

အခုလိုဖြစ်ပွားနေတဲ့နေရာမှာ ဒေသအုပ်ချုပ်ရေးအာဏာပိုင်များနဲ့ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြုသူများကလည်း ၀ိုင်းဝန်းဆောင်ရွက်နေလျှက်ရှိတယ်လို့ သိရပါတယ်။

ချင်းပြည်နယ် အတွင်းမှာ အဆမတန် မိုးရွာသွန်းမှု များကြောင့် လမ်းသားများ ပြတ်ကျ၍ အဆက်အသွယ် ပြတ်တောက်နေခြင်း၊ တံတားများ မျောပါခြင်းများပါ ဖြစ်ပွားလျက်ရှိပြီး တီးတိန်မြို့နယ် အတွင်းတွင်လည်း မြေပြိုမှုများ ဖြစ်ပွားလျက်ရှိကြောင်း သတင်းရရှိသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~ကြော်ငြာ ~~~~~~~

No comments:

Post a Comment