Pages

Sunday, 11 January 2015

တာလေမြို့၌ အထူးကုဆရာဝန်ကြီးများမှ အခမဲ့ ဆေးကုပေး


တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်ကြီးများ ဦးဆောင်သည့် အဖွဲ့မှ လစဉ် နယ်လှည့် အခမဲ့ ကွင်းဆင်း ဆေးကုသမှုများအဖြစ် တာချီလိတ်ခရိုင်၊ တာလေမြို့၊ နားယောင်းကျေးရွာအုပ်စုအတွင်း  ပြုလုပ် လျက်ရှိရာသို့ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာ နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းတို့မှ ပူးပေါင်း၍ ၂၀၁၅ခုနှစ် ဇန်န၀ါရီလ(၁၀)ရက်နေ့က သွားရောက်ကာ လူနာများကို အားပေးခဲ့ကြပြီး အာဟာရမုန့်​များ​ ထောက်​ပံ့​ ပေးအပ်ကြောင်း သိရသည်။

တာချီလိတ်ခရိုင်အတွင်း အထူးကု ဆရာဝန်ကြီးများ ဦးဆောင်သော အဖွဲ့မှ နယ်လှည့်အခမဲ့ ကွင်းဆင်း ဆေးကုသမှုများအား ပြုလုပ်ခဲ့သည်မှာ (၂)နှစ်ခန့်ရှိပြီ ဖြစ်ကြောင်း၊ လိုအပ်သော ဆေးဝါးများအား နိုင်ငံတော်မှ ချပေးသည့် တာချီလိတ်ခရိုင်အတွင်း ကျန်းမာရေးအတွက် အသုံးပြုသော ဘတ်ဂျက်များမှ ခွဲဝေ အသုံးပြုတာဖြစ်ကြောင်း၊ ၂၀၁၄ ခုနှစ် အတွင်းမှာ (၈)ကြိမ်ရှိခဲ့ပြီဖြစ်ကြောင်းနှင့် ယခု ၂၀၁၅ ခုနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် တာလေမြို့တွင်း လာရောက်ဆေးကုသခြင်းဖြစ်ကြောင်း အပြင် အထူးကုဆရာဝန် (၈)ဦးပါဝင်သည့် အဖွဲ့ဖြင့် ကလေးအထူးကု၊ အရိုးအထူးကု၊ သွားနှင့်ခံတွင်း အထူးကု၊ သားဖွားမီးယပ်၊ အထွေထွေရောဂါကုသမားတော်ကြီးများ ပါဝင်ကြောင်း သိရသည်။

( ရုပ်သံ တင်ဆက်မှု )

သတင်းအစုံအလင်ကိုတော့ ရုပ်သံတွင် ဆက်လက်ရှုစားနိုင်ရန်အတွက် တာချီလိတ်အွန်လိုင်းမှ ရိုက်ကူးတင်ဆက်ပေးထားပါသည်။

 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

No comments:

Post a Comment