Pages

Friday, 12 December 2014

တာချီလိတ်မြို့ရဲ့ ဒီဇင်ဘာ လူထု လမ်းလျှောက်ပွဲ ( ၂၀၁၄ )




ဒီဇင်ဘာလအစ၏ ဒုတိယအပတ်ဖြစ်သော ဒီဇင်ဘာလ(၁၃)ရက် နံနက်(၅)နာရီအချိန်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၌ လူထုလမ်းလျှောက်ပွဲကို  စုရပ်ဖြစ်သော ရှမ်းရိုးမ ကုန်တိုက်ရှေ့မှ ဘောလုံးကွင်းထိ ကိုယ်လက်လှုပ်ရှား လမ်းလျှောက်မှုအဖြစ် စတင်ခဲ့ကြရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းကိုယ်တိုင် ပါဝင်ဆင်နွှဲခဲ့ပြီး ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်မေထွန်း၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ ဦးဆောင်သည့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း ဦးဆောင်သော မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အထောက်အကူပြု အဖွဲ့အစည်းများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ၊ ပညာရေးဌာနမှ ဆရာ၊ ဆရာများနှင့် ကျောင်းသား၊ကျောင်းသူများ၊ အား/ကာမှ တာဝန်ရှိသူများနှင့် အားကစားသမားများ၊ မြို့မိမြို့ဖများနှင့် ရပ်ကွက်အသီးသီးမှ ပြည်သူလူထုများ စုစုပေါင်း (၁၅၀၀)ခန့်တို့မှ စုပေါင်း၍ ပါဝင်ခဲ့ကြရာ လမ်းလျှောက်မှု မှတ်တမ်းအား တာချီလိတ်အွန်လိုင်းမှ ရိုက်ကူးတင်ဆက်လိုက်ပါသည်။

 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~

No comments:

Post a Comment