Pages

Monday, 12 May 2014

၁၂ ကြိမ်မြောက် တန်ဖိုးနည်းဖုန်းကဒ်များ တာချီလိတ်၌ မဲနှိုက်

၂၀၁၃ခုနှစ် ဧပြီလ (၂၇)ရက်နေ့က စတင်ခဲ့သည့် တန်ဖိုးနည်း ၁၅၀၀ ကျပ်တန် ဖုန်းကဒ် မဲနှိုက်ရောင်းချပေးမှုများကို (၁၂)ကြိမ်မြောက်အဖြစ် ယနေ့ ၂၀၁၄ခုနှစ် မတ်လ(၂၈)ရက် မွန်းလွဲ (၂)နာရီအချိန်က တာချီလိတ်မြို့ အောင်မြတ်ခန်းမ၌ ကျင်းပပြုလုပ်ရာ လက်ကျန်လျှောက်လွှာ နှင့် လက်ရှိ လျှောက်လွှာ စုစုပေါင်း လျှောက်လွှာ (၉၈၀၂)စောင်ရှိပြီး ယခု မတ်လ တာချီလိတ်မြို့အတွက် ခွဲတမ်းမှာ GSM (၃၀၀)ကဒ် နှင့် CDMA (၈၀၀)ကဒ် စုစုပေါင်း ဖုန်းကဒ် (၁၁၀၀) ချပေးလာကြောင်း သိရသည်။

( ရုပ်သံတင်ဆက်မှု)

ယခု မဲနှိုက်သော ပေါက်မဲစာရင်းများကို တာချီလိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး နှင့် သက်ဆိုင်ရာ ရပ်ကွက်ရုံးများအပြင် တာချီလိတ်အွန်လိုင်းတွင်လည်း ဖော်ပြပေးသွားမည်ဖြစ်ပါသည်။

တာချီလိတ်မြို့၏ ၂၀၁၄ မတ်လအတွက် တန်ဖိုးနည်းဖုန်းကဒ် ပေါက်မဲစာရင်း
33 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

No comments:

Post a Comment