Pages

Sunday, 25 May 2014

Tachileik Open 2014 ဖိတ်ခေါ် ကြက်တောင်ပြိုင်ပွဲ

ရှမ်းပြည်နယ်မှ ထူးချွန်ကြက်တောင်အားကစားသမား ထွက်ပေါ်လာစေရေးအတွက် ရည်ရွယ်ပြီး တာချီလိတ်ခရိုင် အားကစားနှင့်ကာယပညာ ဦးစီးဌာန၊ တာချီလိတ် ကြက်တောင်ဆပ်ကော်မတီနှင့် ရိုးမရွှေတောင် ကုမ္ပဏီတို့မှ ပူးပေါင်း ကျင်းပပြုလုပ်တဲ့ ဖိတ်ခေါ် ကြက်တောင် အားကစားပြိုင်ပွဲကို တာချီလိတ်မြို့မှာ ၂၀၁၄ခုနှစ် မေလ(၂၀)ရက်နေ့မှ မေလ(၂၃)ရက်နေ့အထိ ကျင်းပပြုလုပ်လာခဲ့ပြီး  ၂၀၁၄ခုနှစ် မေလ(၂၄)ရက် ည(၈)နာရီက တာချီလိတ်မြို့ လင်းကမ္ဘာ စားသောက်ဆိုင်တွင် ပြိုင်ပွဲ၏ ဆုပေးပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြဖြစ်ပါတယ်။


ပြိုင်ပွဲမှာ ရှမ်းပြည်နယ်က မြို့နယ် ၅ မြို့နယ်မှ အားကစားသမားများနှင့် ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်က အားကစားသမားများအပါအ၀င် အားကစားသမား (၇၀) ဦး ပါဝင် ယှဉ်ပြိုင်ခဲ့ကြရာမှာ  အတွဲလိုက်အနေဖြင့် (၃၃) ဦး ဆုရရှိတယ်လို့ သိရပါတယ်။

အခု ပြုလုပ်တဲ့ ဒီပြိုင်ပွဲကိုတော့ ရိုးမရွှေတောင်ကုမ္ပဏီက အဓိကပံ့ပိုး ကူညီပေးထားတာဖြစ်ပြီး ဒိုင်းမွန်းရွှေဆိုင်ကတော့ အားကစားအင်္ကျီများကို ပံ့ပိုးပေးထားတယ်လို့ သိရပါတယ်။ ရိုးမရွှေတောင် ကုမ္ပဏီအနေနဲ့ အခုပြုလုပ်ကျင်းပတဲ့ ပြိုင်ပွဲဟာ ဒုတိယအကြိမ်မြောက် ပံ့ပိုးကူညီမှုဖြစ်ပြီး ကုန်ကျမှုအဖြစ် ကျပ်ငွေ သိန်း(၈၀)နီးပါး ရှိတယ်လို့ သိရပါတယ်။
ရိုက်ကူး။  ။ လင်းလင်း
တင်ဆက် ။  ။ ကိုဇောင်း
ပုံများကိုကြည့်ရန်
Tachileik Open 2014 ကြက်တောင်ပြိုင်ပွဲ၏ ဆုပေးပွဲ
93 photos

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

No comments:

Post a Comment