Category 3

.
Home » , , » တာခ်ီလိတ္ၿမိဳ႕ ျပည္ေတာ္သာေစ်းအတြင္းရွိ ထမင္းဆိုင္ မီးေလာင္မႈျဖစ္ပြား

တာခ်ီလိတ္ၿမိဳ႕ ျပည္ေတာ္သာေစ်းအတြင္းရွိ ထမင္းဆိုင္ မီးေလာင္မႈျဖစ္ပြား

Written By Tachileik News Agency on Monday 18 June 2018 | 10:04





ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕၊ ဆန္ဆိုင္းေစ်းအေနာက္ဘက္ရွိ ျပည္ေတာ္သာေစ်းအတြင္းက ထမင္းဆိုင္မွာ ၂၀၁၈ ခုႏွစ္ ဇြန္လ(၁၈)ရက္ေန႔ ည(၈)နာရီေက်ာ္က မီးေလာင္မႈျဖစ္ပြားခဲ့ရာမွာ ေရခဲေသတၱာေမာ္တာအပူလြန္ကဲမႈေၾကာင့္ မီးေလာင္ရျခင္း ျဖစ္တယ္လို႔ သိရပါတယ္။

မီးေလာင္မႈေၾကာင့္ အမ်ဳိးသမီး(၂)ဦး ထိခိုက္ဒဏ္ရာရသြားတဲ့အတြက္ ေဆးရံုတင္ပို႔ထားရေပမဲ့ မစိုးရိမ္ရတဲ့အေနအထားမွာရိွတယ္လုိ႔ သိရပါတယ္။

မီးေလာင္မႈျဖစ္ပြားရာ အနီးအနားရွိ ျပည္သူမ်ား၊ တာခ်ီလိတ္ခရိုင္မီးသတ္ဦးစီးဌာနမွ ဦးစီးဌာနမွဴး ဦးေက်ာ္ကိုကို၊ ၿမဳိ႕နယ္မီးသတ္ဦးစီးဌာနမွဴး ဦးေအာင္ေဇာ္လင္းႏွင့္ မီးသတ္တပ္ဖြဲ႔၀င္မ်ား၊ ဆန္ဆိုင္း(ခ)ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ဦးစိုင္းေက်ာက္ႏွင့္ အဖြဲ႔၀င္မ်ား၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႔၀င္မ်ားမွ စုေပါင္း ၿငိႇမ္းသတ္ခဲ့ၾကပါတယ္။

မီးေလာင္မႈနဲ႔ပတ္သက္လို႔ ဆိုင္ရွင္အမ်ဳိးသမီးျဖစ္သူ ေဒၚေအးျမင့္ၾကဴကို တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွာ (ပ)၁၉၉/၂၀၁၈၊ ပုဒ္မ ၂၈၅/၃၃၇နဲ႔ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရပါတယ္။


~~~~~~~~⊰❂ unicode ~~~~~~~~



ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ ဆန်ဆိုင်းဈေးအနောက်ဘက်ရှိ ပြည်တော်သာဈေးအတွင်းက ထမင်းဆိုင်မှာ ၂၀၁၈ ခုနှစ် ဇွန်လ(၁၈)ရက်နေ့ ည(၈)နာရီကျော်က မီးလောင်မှုဖြစ်ပွားခဲ့ရာမှာ ရေခဲသေတ္တာမော်တာအပူလွန်ကဲမှုကြောင့် မီးလောင်ရခြင်း ဖြစ်တယ်လို့ သိရပါတယ်။

မီးလောင်မှုကြောင့် အမျိုးသမီး(၂)ဦး ထိခိုက်ဒဏ်ရာရသွားတဲ့အတွက် ဆေးရုံတင်ပို့ထားရပေမဲ့ မစိုးရိမ်ရတဲ့အနေအထားမှာရှိတယ်လို့ သိရပါတယ်။

မီးလောင်မှုဖြစ်ပွားရာ အနီးအနားရှိ ပြည်သူများ၊ တာချီလိတ်ခရိုင်မီးသတ်ဦးစီးဌာနမှ ဦးစီးဌာနမှူး ဦးကျော်ကိုကို၊ မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးအောင်ဇော်လင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဆန်ဆိုင်း(ခ)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းကျောက်နှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များမှ စုပေါင်း ငြှိမ်းသတ်ခဲ့ကြပါတယ်။

မီးလောင်မှုနဲ့ပတ်သက်လို့ ဆိုင်ရှင်အမျိုးသမီးဖြစ်သူ ဒေါ်အေးမြင့်ကြူကို တာချီလိတ်မြို့မရဲစခန်းမှာ (ပ)၁၉၉/၂၀၁၈၊ ပုဒ်မ ၂၈၅/၃၃၇နဲ့ အမှုဖွင့်စစ်ဆေးနေကြောင်း သိရပါတယ်။
 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

0 comments:

Post a Comment

စီးပြားေရး/လုပ္ငန္း ေၾကာ္ျငာမ်ား