Category 3

.
Home » , , » တာချီလိတ်တွင် ကျင်းပမည့် Miss Universe Tachileik 2017 အတွက် သတင်းမီဒီယာမိတ်ဆက်

တာချီလိတ်တွင် ကျင်းပမည့် Miss Universe Tachileik 2017 အတွက် သတင်းမီဒီယာမိတ်ဆက်

Written By Tachileik News Agency on Wednesday 14 June 2017 | 10:31




( ရုပ်သံ )



ပြိုင်ပွဲကို တာချီလိတ်တစ်ခုတည်းက မဟုတ်ဘဲ ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ ရှိတဲ့ မြို့နယ်အသီးသီးကနေပြီးတော့လည်း လာရောက်ယှဉ်ပြိုင်နိုင်ကြောင်း တာဝန်ရှိသူက ရှင်းပြပါတယ်။



တင်ဆက် - ကိုဇောင်း


~~~~~~~~⊰❂ unicode ~~~~~~~~


ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့မှာ Miss Universe Tachileik 2017 ပြိုင်ပွဲကို ဇူလိုင်လ(၂)ရက်နေ့မှာ ကျင်းပပြုလုပ်မှာ ဖြစ်တဲ့အတွက် စာနယ်ဇင်းမိတ်ဆက်ပွဲကို ဇွန်လ(၁၄)ရက်နေ့ နံနက်ပိုင်းက တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်ထဲမှာ ရှိတဲ့ ပလပ်တီနမ်စတား ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ပြိုင်ပွဲကို တာချီလိတ်တစ်ခုတည်းက မဟုတ်ဘဲ ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ ရှိတဲ့ မြို့နယ်အသီးသီးကနပြေီးတော့လည်း လာရောက်ယှဉ်ပြိုင်နိုင်ကြောင်း တာဝန်ရှိသူက ရှင်းပြပါတယ်။

Miss Universe Tachileik 2017 မှာ ပါဝင်ယှဉ်ပြိုင်လိုသူများအနေနဲ့ မိတ်ကတ်၊ အဝတ်အထည်က အစ ပွဲကျင်းပရေးက ကုန်ကျခံမှာ ဖြစ်တဲ့အတွက် ဝင်ပြိုင်သူများအနေနဲ့ ကုန်ကျမှုရှိမှာ မဟုတ်ကြောင်းနဲ့ အခုလို ပြိုင်ပွဲ ကျင်းပနိုင်ရန်အတွက်လည်း စပွန်ဆာများလည်း လိုအပ်နေကြောင်း သိရပါတယ်။

ဇွန်လ(၁၄)ရက်နေ့ နံနက်ပိုင်းမှာ ကျင်းပပြုလုပ်ခဲ့တဲ့ Miss Universe Tachileik 2017 စာနယ်ဇင်းမိတ်ဆက်ပွဲ ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ ရှိတဲ့ မီဒီယာများ တက်ရောက်ခဲ့ပါတယ်။

ရိုက်ကူး/တည်းဖြတ် - ဇောင်းညီ
တင်ဆက် - ကိုဇောင်း
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~

0 comments:

Post a Comment

စီးပွားရေး/လုပ်ငန်း ကြော်ငြာများ