Category 3

.
Home » , , , , » ( ရုပ္သံ )တာခ်ီလိတ္တြင္ က်င္းပသည့္ ကရင္အမ်ိဳးသားစုေပါင္းႏွစ္သစ္ကူးပြဲေတာ္ ယခင္ႏွစ္ထက္ လာေရာက္သူမ်ားျပား

( ရုပ္သံ )တာခ်ီလိတ္တြင္ က်င္းပသည့္ ကရင္အမ်ိဳးသားစုေပါင္းႏွစ္သစ္ကူးပြဲေတာ္ ယခင္ႏွစ္ထက္ လာေရာက္သူမ်ားျပား

Written By Tachileik News Agency on Thursday 29 December 2016 | 02:15


( ရုပ္သံ )
ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသ၊ တာခ်ီလိတ္ၿမိဳ႕၊ ဆန္ဆိုင္း(ခ)ရပ္ကြက္ထဲမွာ  ကရင္အမ်ိဳးသား စုေပါင္းႏွစ္သစ္ကူးပြဲေတာ္ကို ဒီဇင္ဘာလ(၂၉)ရက္ေန႔မွာ တစ္ရက္တာ က်င္းပျပဳလုပ္ခဲ့ၾကတဲ့အခါ ယခင္ႏွစ္ကထက္ လာေရာက္ ဆင္ႏႊဲတူ ပိုမိုမ်ားျပားလာတယ္လို႔ သိရပါတယ္။

ပြဲေတာ္ကို နံနက္(၇)နာရီအခ်ိန္မွာ အလံေတာ္တင္ အခမ္းအနားအျဖစ္ က်င္းပျပဳလုပ္ၿပီးေနာက္မွာ ကရင္ႏွစ္သစ္ကူးနဲ႔ပတ္သက္သည့္ အေၾကာင္းအရာမ်ား၊ ရိုးရာယဥ္ေက်းမႈမ်ား စတာေတြကို သက္ဆိုင္ရာအလိုက္ ရွင္းလင္းေျပာၾကားၾကၿပီး ပြဲေတာ္သို႔ လာေရာက္ ဆင္ႏႊဲသူမ်ားကို အေကြ်းအေမြးမ်ားနဲ႔ ဧည့္ခံခဲ့ၾကပါတယ္။

ယခုအႀကိမ္မွာ လူဦးေရမ်ားျပားစြာ လာေရာက္ဆင္ႏႊဲၾကတဲ့နည္းတူ ေနာက္ႏွစ္မ်ားမွာလည္း ပြဲေတာ္သို႔ လာေရာက္သူမ်ားျပားရန္အတြက္လည္း လုပ္ေဆာင္သြားမယ္လို႔ တာ၀န္ရွိသူက ေျပာပါတယ္။

အခုလို က်င္းပျပဳလုပ္တဲ့ပြဲမွာ ဘာသာေပါင္းစံုက ကရင္တိုင္းရင္းသားေတြ စုေပါင္းပါ၀င္ ဆင္ႏႊဲၾကတဲ့အတြက္ ၀မ္းေျမာက္ေၾကာင္း ပညာေရးအၿငိမ္းစား တစ္ဦးက ဆိုပါတယ္။

ကရင္အမ်ိဳးသားစုေပါင္းႏွစ္သစ္ကူးပြဲေတာ္ကို ဆန္ဆိုင္း(ခ)ရပ္ကြက္မွာ ျပဳလုပ္ခဲ့ၿပီး ေနာက္ႏွစ္မ်ားမွာ ပြဲမ်ားက်င္းပျပဳလုပ္ရာ ေနရာျဖစ္တဲ့ ရွမ္းရိုးမကြင္း သို႔မဟုတ္ ေအာင္ျမတ္ခန္းမတို႔မွာ က်င္းပသြားႏိုင္ရန္  အစီအစဥ္ရွိတယ္လုိ႔လည္း သိရပါတယ္။

ျပီးခဲ့တဲ့ႏွစ္က တာခ်ီလိတ္ၿမိဳ႕မွာ က်င္းပျပဳလုပ္ခဲ့တဲ့ ကရင္ႏွစ္သစ္ကူးပြဲေတာ္မွာ လာေရာက္ဆင္ႏႊဲသူ (၃၀၀)ေက်ာ္သာရွိခဲ့ေသာ္လည္း အခု က်င္းပျပဳလုပ္တဲ့ ကရင္အမ်ိဳးသားစုေပါင္းႏွစ္သစ္ကူးပြဲေတာ္မွာ လူဦးေရ (၅၀၀)ေက်ာ္ တက္ေရာက္ ဆင္ႏႊဲခဲ့တယ္လို႔ သိရပါတယ္။ 

~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်ထဲမှာ ကရင်အမျိုးသား စုပေါင်းနှစ်သစ်ကူးပွဲတော်ကို ဒီဇင်ဘာလ(၂၉)ရက်နေ့မှာ တစ်ရက်တာ ကျင်းပပြုလုပ်ခဲ့ကြတဲ့အခါ ယခင်နှစ်ကထက် လာရောက် ဆင်နွှဲတူ ပိုမိုများပြားလာတယ်လို့ သိရပါတယ်။

ပွဲတော်ကို နံနက်(၇)နာရီအချိန်မှာ အလံတော်တင် အခမ်းအနားအဖြစ် ကျင်းပပြုလုပ်ပြီးနောက်မှာ ကရင်နှစ်သစ်ကူးနဲ့ပတ်သက်သည့် အကြောင်းအရာများ၊ ရိုးရာယဉ်ကျေးမှုများ စတာတွေကို သက်ဆိုင်ရာအလိုက် ရှင်းလင်းပြောကြားကြပြီး ပွဲတော်သို့ လာရောက် ဆင်နွှဲသူများကို အကျွေးအမွေးများနဲ့ ဧည့်ခံခဲ့ကြပါတယ်။

ယခုအကြိမ်မှာ လူဦးရေများပြားစွာ လာရောက်ဆင်နွှဲကြတဲ့နည်းတူ နောက်နှစ်များမှာလည်း ပွဲတော်သို့ လာရောက်သူများပြားရန်အတွက်လည်း လုပ်ဆောင်သွားမယ်လို့ တာဝန်ရှိသူက ပြောပါတယ်။

အခုလို ကျင်းပပြုလုပ်တဲ့ပွဲမှာ ဘာသာပေါင်းစုံက ကရင်တိုင်းရင်းသားတွေ စုပေါင်းပါဝင် ဆင်နွှဲကြတဲ့အတွက် ဝမ်းမြောက်ကြောင်း ပညာရေးအငြိမ်းစား တစ်ဦးက ဆိုပါတယ်။

ကရင်အမျိုးသားစုပေါင်းနှစ်သစ်ကူးပွဲတော်ကို ဆန်ဆိုင်း(ခ)ရပ်ကွက်မှာ ပြုလုပ်ခဲ့ပြီး နောက်နှစ်များမှာ ပွဲများကျင်းပပြုလုပ်ရာ နေရာဖြစ်တဲ့ ရှမ်းရိုးမကွင်း သို့မဟုတ် အောင်မြတ်ခန်းမတို့မှာ ကျင်းပသွားနိုင်ရန် အစီအစဉ်ရှိတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့နှစ်က တာချီလိတ်မြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ကရင်နှစ်သစ်ကူးပွဲတော်မှာ လာရောက်ဆင်နွှဲသူ (၃၀၀)ကျော်သာရှိခဲ့သော်လည်း အခု ကျင်းပပြုလုပ်တဲ့ ကရင်အမျိုးသားစုပေါင်းနှစ်သစ်ကူးပွဲတော်မှာ လူဦးရေ (၅၀၀)ကျော် တက်ရောက် ဆင်နွှဲခဲ့တယ်လို့ သိရပါတယ်။
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~


0 comments:

Post a Comment

စီးပြားေရး/လုပ္ငန္း ေၾကာ္ျငာမ်ား