Category 3

.
Home » , , » (ရုပ္သံ) တာခ်ီလိတ္ၿမိဳ႕နယ္ သဘင္ပညာရွင္မ်ားအစည္းအရံုး ဖြဲ႔စည္း

(ရုပ္သံ) တာခ်ီလိတ္ၿမိဳ႕နယ္ သဘင္ပညာရွင္မ်ားအစည္းအရံုး ဖြဲ႔စည္း

Written By Tachileik News Agency on Tuesday 29 November 2016 | 09:37



( ရုပ္သံ )

ျမန္မာႏိုင္ငံသဘင္ပညာရွင္မ်ားအစည္းအရံုး(ဗဟို)က လာေရာက္ၿပီး တာခ်ီလိတ္ၿမိဳ႕နယ္အတြင္းရွိ သဘင္ပညာရွင္မ်ားအား စုစည္းကာ တာခ်ီလိတ္ၿမိဳ႕နယ္ သဘင္ပညာရွင္မ်ား အစည္းအရံုးအျဖစ္ ၂၀၁၆ခုႏွစ္ ႏို၀င္ဘာလ(၂၉)ရက္ေန႔ နံနက္(၉)နာရီအခ်ိန္က အတည္ျပဳ ဖြဲ႔စည္းေပးလိုက္ပါတယ္။

တာခ်ီလိတ္ၿမိဳ႕နယ္သဘင္ပညာရွင္မ်ားအစည္းအရံုးအျဖစ္ ဖြဲ႔စည္းရာမွာ ဥကၠဌ အျဖစ္ ဦးခင္ေမာင္ျမင့္၊ ဒုဥကၠဌ(၁)အျဖစ္ ဦးရဲထြန္းသိန္း၊ ဒုဥကၠဌ (၂)အျဖစ္ ဦးေမာင္ေမာင္ေဌး နဲ႔ ့ အတြင္းေရးမွဴးအျဖစ္ ဦးမင္းမင္းထြန္း အပါအ၀င္ အလုပ္အမႈေဆာင္အဖြဲ႔၀င္ (၁၅)ဦးနဲ႔ ဖြ႔ဲစည္းလိုက္ၾကတာ ျဖစ္ပါတယ္။

တာခ်ီလိတ္မွာ အစည္းအရံုးဖြဲ႔စည္းဖို႔အတြက္ ေရာက္ရွိလာတဲ့ ျမန္မာႏိုင္ငံသဘင္ပညာရွင္မ်ားအစည္းအရံုး(ဗဟုိ)မွ ဒုတိယဥကၠဌ(၁)ျဖစ္သူ ဦးေန၀င္းက ရိုးရာအေမြအႏွစ္တစ္ခုျဖစ္တဲ့ သဘင္ပညာကို ထိန္းသိမ္းေစာင့္ေရွာက္ရန္ လိုအပ္လာၿပီျဖစ္တဲ့အတြက္ တာခ်ီလိတ္ၿမိဳ႕နယ္သဘင္ပညာရွင္မ်ား အစည္းအရံုးကို တရား၀င္ဖြဲ႔စည္းေပးလုိက္ျခင္းျဖစ္တယ္လို႔ေျပာပါတယ္။

အဲ့ဒီအျပင္ တာခ်ီလိတ္ၿမိဳ႕ဟာ နယ္စပ္ေဒသျဖစ္တဲ့အတြက္ေၾကာင့္ သဘင္အစည္းအရံုးအဖြဲ႔တစ္ခု ရွိသင့္တဲ့အတြက္ လာေရာက္ဖြဲ႔စည္းေပးတာျဖစ္တယ္လို႔ ဆိုပါတယ္။

တာခ်ီလိတ္ၿမိဳ႕နယ္သဘင္ပညာရွင္မ်ားအစည္းအရံုး ဥကၠဌ အျဖစ္ ေရြးခ်ယ္ခံရသူ ဦးခင္ေမာင္ျမင့္ က တာခ်ီလိတ္ၿမိဳ႕နယ္သဘင္ပညာရွင္မ်ားအစည္းအရံုးအေနနဲ႔ တာခ်ီလိတ္ၿမိဳ႕မွာ ဇာတ္ရံုေဆာက္လုပ္ႏိုင္ရန္ ႀကိဳးစားသြားမွာ ျဖစ္ၿပီး သဘင္နဲ႔ပတ္သက္တဲ့  ဖြဲ႔ေတြကို ဖြဲ႔စည္းသြားမဲ့အျပင္ တာခ်ီလိတ္မွာေနထိုင္ၾကတဲ့ တိုင္းရင္းသားမ်ားရဲ႕ ရိုးရာယဥ္ေက်းမႈအကမ်ားကို ဖလွယ္မႈေတြ ျပဳလုပ္သြားမယ္လို႔   ေျပာပါတယ္။

ရွမ္းျပည္နယ္အတြင္းမွာ သဘင္ပညာရွင္မ်ားအစည္းအရံုးကို ဖြဲ႔စည္းထားမႈအျဖစ္ ေတာင္ႀကီးၿမိဳ႕ နဲ႔ တာခ်ီလိတ္ၿမိဳ႕ အပါအ၀င္ (၂)ဖြဲ႔သာရွိေသးေၾကာင္း သိရပါတယ္။

~~~~~~~~⊰❂ unicode ~~~~~~~~
မြန်မာနိုင်ငံသဘင်ပညာရှင်များအစည်းအရုံး(ဗဟို)က လာရောက်ပြီး တာချီလိတ်မြို့နယ်အတွင်းရှိ သဘင်ပညာရှင်များအား စုစည်းကာ တာချီလိတ်မြို့နယ် သဘင်ပညာရှင်များ အစည်းအရုံးအဖြစ် ၂၀၁၆ခုနှစ် နိုဝင်ဘာလ(၂၉)ရက်နေ့ နံနက်(၉)နာရီအချိန်က အတည်ပြု ဖွဲ့စည်းပေးလိုက်ပါတယ်။

တာချီလိတ်မြို့နယ်သဘင်ပညာရှင်များအစည်းအရုံးအဖြစ် ဖွဲ့စည်းရာမှာ ဥက္ကဌ အဖြစ် ဦးခင်မောင်မြင့်၊ ဒုဥက္ကဌ(၁)အဖြစ် ဦးရဲထွန်းသိန်း၊ ဒုဥက္ကဌ (၂)အဖြစ် ဦးမောင်မောင်ဌေး နဲ့ အတွင်းရေးမှူးအဖြစ် ဦးမင်းမင်းထွန်း အပါအဝင် အလုပ်အမှုဆောင်အဖွဲ့ဝင် (၁၅)ဦးနဲ့ ဖွဲ့စည်းလိုက်ကြတာ ဖြစ်ပါတယ်။

တာချီလိတ်မှာ အစည်းအရုံးဖွဲ့စည်းဖို့အတွက် ရောက်ရှိလာတဲ့ မြန်မာနိုင်ငံသဘင်ပညာရှင်များအစည်းအရုံး(ဗဟို)မှ ဒုတိယဥက္ကဌ(၁)ဖြစ်သူ ဦးနေဝင်းက ရိုးရာအမွေအနှစ်တစ်ခုဖြစ်တဲ့ သဘင်ပညာကို ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်လာပြီဖြစ်တဲ့အတွက် တာချီလိတ်မြို့နယ်သဘင်ပညာရှင်များ အစည်းအရုံးကို တရားဝင်ဖွဲ့စည်းပေးလိုက်ခြင်းဖြစ်တယ်လို့ပြောပါတယ်။

အဲ့ဒီအပြင် တာချီလိတ်မြို့ဟာ နယ်စပ်ဒေသဖြစ်တဲ့အတွက်ကြောင့် သဘင်အစည်းအရုံးအဖွဲ့တစ်ခု ရှိသင့်တဲ့အတွက် လာရောက်ဖွဲ့စည်းပေးတာဖြစ်တယ်လို့ ဆိုပါတယ်။

တာချီလိတ်မြို့နယ်သဘင်ပညာရှင်များအစည်းအရုံး ဥက္ကဌ အဖြစ် ရွေးချယ်ခံရသူ ဦးခင်မောင်မြင့် က တာချီလိတ်မြို့နယ်သဘင်ပညာရှင်များအစည်းအရုံးအနေနဲ့ တာချီလိတ်မြို့မှာ ဇာတ်ရုံဆောက်လုပ်နိုင်ရန် ကြိုးစားသွားမှာ ဖြစ်ပြီး သဘင်နဲ့ပတ်သက်တဲ့ ဖွဲ့တွေကို ဖွဲ့စည်းသွားမဲ့အပြင် တာချီလိတ်မှာနေထိုင်ကြတဲ့ တိုင်းရင်းသားများရဲ့ ရိုးရာယဉ်ကျေးမှုအကများကို ဖလှယ်မှုတွေ ပြုလုပ်သွားမယ်လို့ ပြောပါတယ်။

ရှမ်းပြည်နယ်အတွင်းမှာ သဘင်ပညာရှင်များအစည်းအရုံးကို ဖွဲ့စည်းထားမှုအဖြစ် တောင်ကြီးမြို့ နဲ့ တာချီလိတ်မြို့ အပါအဝင် (၂)ဖွဲ့သာရှိသေးကြောင်း သိရပါတယ်။ 
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~

0 comments:

Post a Comment

စီးပြားေရး/လုပ္ငန္း ေၾကာ္ျငာမ်ား