Category 3

.
Home » , , , » တာခ်ီလိတ္၌ ကားတံခါးေလာ့ မခ်ထားမိသည့္ ကားတစ္စီး ခိုးခံရ

တာခ်ီလိတ္၌ ကားတံခါးေလာ့ မခ်ထားမိသည့္ ကားတစ္စီး ခိုးခံရ

Written By Tachileik News Agency on Wednesday 1 June 2016 | 04:53


( CCTV မွတ္တမ္း )

ျမန္မာ - ထိုင္းနယ္စပ္ တာခ်ီလိတ္ၿမိဳ႕တြင္ ယခင္က စက္ဘီး ၊ ဆိုင္ကယ္မ်ားသာ ခိုးခံရမႈမ်ား ရွိေသာ္လည္း ယေန႔ ၂၀၁၆ ဇြန္လ(၁)ရက္ေန႔အကူး (၀၀း၃၇)နာရီအခ်ိန္က မကာဟိုခမ္းရပ္ကြက္ ဗိုလ္ခ်ဳပ္ လမ္းမေဘးတြင္ ရပ္ထားသည့္ ဗင္(ဖင္လံုး)အမ်ဳိးအစား ေမာ္ေတာ္ယာဥ္အား အမည္မသိ အမ်ဳိးသားတစ္ဦးမွ ခိုးယူသြားျခင္းေၾကာင္း သိရသည္။

“ကားကို အိမ္ေရွ႕လမ္းမ ေဘးမွာဘဲရပ္ထားတာ။ ဒါေပမဲ့ ကားသမားက Lock ခ်ဖို႔ေမ့သြားတာေၾကာင့္ အခုလို အလြယ္တကူ ခိုးယူသြားတာပါ။ တာခ်ီလိတ္မွာ အရင္က စက္ဘီး ၊ဆိုင္ကယ္ေတြကို ခိုးတာမ်ားတယ္။ အခု ကားပါခိုးလာၿပီးဆိုေတာ့ စိုးရိမ္လာရပါၿပီ။ ကားပိုင္ရွင္ေတြ အေနနဲ႔လည္း ကားကို မိမိျခံ၀န္းထဲ ရပ္ရင္ပိုေကာင္းပါတယ္။ ဒါမွမဟုတ္ လမ္းေဘးမွာရပ္မယ္ဆိုရင္ ကားကို Lock ခ်ၿပီး ထားေစခ်င္တယ္။”ဟု ကားအခိုးခံရသူ ကာယကံရွင္က ေျပာသည္။

အဆိုပါ ကားခိုးရျခင္းႏွင့္ ပတ္သက္၍ CCTV မွတ္တမ္းအရ ကားကို ဗိုလ္ခ်ဳပ္လမ္းမေဘးတြင္ ရပ္ထားၿပီး သူခိုးမွာ  ကားတံခါဖြင့္ကာ ကားထဲတြင္ (၁၀)မိနစ္အခ်ိန္ခန္႔ စက္ႏိုးမႈျပဳလုပ္ၿပီး ခိုးယူသြားေၾကာင္း ကားအခိုးခံရသူ ကာယံကံရွင္ထံမွ သိရသည္။

ကားအခိုးခံရမႈႏွင့္ ပတ္သက္ၿပီး ရဲစခန္းကို လာေရာက္အမႈဖြင့္ထားျခင္း မရွိေၾကာင္း တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ တာ၀န္ရွိသူတစ္ဦးထံမွ သိရသည္။

သတင္း ။  ။ #ေဇာင္းညီ
............


မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့တွင် ယခင်က စက်ဘီး၊ ဆိုင်ကယ်များသာ ခိုးခံရမှုများ ရှိသော်လည်း ယနေ့ ၂၀၁၆ ဇွန်လ(၁)ရက်နေ့အကူး (ဝဝး၃၇)နာရီအချိန်က မကာဟိုခမ်းရပ်ကွက် ဗိုလ်ချုပ် လမ်းမဘေးတွင် ရပ်ထားသည့် ဗင်(ဖင်လုံး)အမျိုးအစား မော်တော်ယာဉ်အား အမည်မသိ အမျိုးသားတစ်ဦးမှ ခိုးယူသွားခြင်းကြောင်း သိရသည်။

“ကားကို အိမ်ရှေ့လမ်းမ ဘေးမှာဘဲရပ်ထားတာ။ ဒါပေမဲ့ ကားသမားက Lock ချဖို့မေ့သွားတာကြောင့် အခုလို အလွယ်တကူ ခိုးယူသွားတာပါ။ တာချီလိတ်မှာ အရင်က စက်ဘီး၊ဆိုင်ကယ်တွေကို ခိုးတာများတယ်။ အခု ကားပါခိုးလာပြီးဆိုတော့ စိုးရိမ်လာရပါပြီ။ ကားပိုင်ရှင်တွေ အနေနဲ့လည်း ကားကို မိမိခြံဝန်းထဲ ရပ်ရင်ပိုကောင်းပါတယ်။ ဒါမှမဟုတ် လမ်းဘေးမှာရပ်မယ်ဆိုရင် ကားကို Lock ချပြီး ထားစေချင်တယ်။”ဟု ကားအခိုးခံရသူ ကာယကံရှင်က ပြောသည်။

အဆိုပါ ကားခိုးရခြင်းနှင့် ပတ်သက်၍ CCTV မှတ်တမ်းအရ ကားကို ဗိုလ်ချုပ်လမ်းမဘေးတွင် ရပ်ထားပြီး သူခိုးမှာ ကားတံခါဖွင့်ကာ ကားထဲတွင် (၁၀)မိနစ်အချိန်ခန့် စက်နိုးမှုပြုလုပ်ပြီး ခိုးယူသွားကြောင်း ကားအခိုးခံရသူ ကာယံကံရှင်ထံမှ သိရသည်။

ကားအခိုးခံရမှုနှင့် ပတ်သက်ပြီး ရဲစခန်းကို လာရောက်အမှုဖွင့်ထားခြင်း မရှိကြောင်း တာချီလိတ်မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

သတင်း။ #ဇောင်းညီ
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  


~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~

0 comments:

Post a Comment

စီးပြားေရး/လုပ္ငန္း ေၾကာ္ျငာမ်ား