Category 3

.
Home » , , » (ရုပ်သံ) မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတားပေါ် နေ့စဉ် ယာဉ်ကြောပိတ်ဆို့

(ရုပ်သံ) မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတားပေါ် နေ့စဉ် ယာဉ်ကြောပိတ်ဆို့

Written By Tachileik News Agency on Tuesday 19 April 2016 | 23:36



တာချီလိတ်၊ ဧပြီ(၂၀)


အခုလို ယာဉ်ကြောပိတ်ဆို့ရခြင်းဟာ ထိုင်းနိုင်ငံ မယ်ဆိုင်အ၀င်မှာ တံဆိပ်တုံး ထုခြင်း၊ လက်မှတ်များ ပြုလုပ်ခြင်းကြောင့် အဓိကဖြစ်ပြီး ဒီကိစ္စနဲ့ ပတ်သက်ပြီး မြန်မာဘက်မှ ထိုင်းနဲ့ ပတ်သက်တဲ့ အစည်းအဝေးများမှာ ထည့်သွင်းဆွေးနွေးခဲ့သော်လည်း ယနေ့အထိ ထူးခြားမှုမရှိသေးကြောင်း သိရပါတယ်။

..................

 တာချီလိတ်၊ ဧပြီ(၂၀)
မြန်မာ - ထိုင်း နယ်စပ်ဒေသဖြစ်တဲ့ တာချီလိတ် - မယ်ဆိုင် ချစ်ကြည်ရေး အမှတ်(၁) တံတားပေါ်မှာ ထိုင်းဘက် မယ်ဆိုင်အဝင်ဂိတ်မှာ ယာဉ်ဖြတ်သန်းသွားလာခွင့် နဲ့ လူဝင်ခွင့် လက်မှတ်များ ပြုလုပ်ရာမှ နှောင့်နှေးကြန့်ကြာမှုများကြောင့် တံတားပေါ်မှာ ယာဉ်ကြောပိတ်ဆို့နေတာ ဖြစ်ပါတယ်။

ယာဉ်ကြောပိတ်ဆို့တာဟာ ချစ်ကြည်ရေးတံတားပေါ်တွင် သာမကဘဲ တာချီလိတ်မြို့ အဝိုင်းပတ်နဲ့မြို့ထဲ လမ်းမထိ ယာဉ်တန်းရှည်များ ဖြစ်ပေါ်နေတာပါ၊

အခုလို ယာဉ်ကြောပိတ်ဆို့ရခြင်းဟာ ထိုင်းနိုင်ငံ မယ်ဆိုင်အဝင်မှာ တံဆိပ်တုံး ထုခြင်း၊ လက်မှတ်များ ပြုလုပ်ခြင်းကြောင့် အဓိကဖြစ်ပြီး ဒီကိစ္စနဲ့ ပတ်သက်ပြီး မြန်မာဘက်မှ ထိုင်းနဲ့ ပတ်သက်တဲ့ အစည်းအေဝးများမှာ ထည့်သွင်းဆွေးနွေးခဲ့သော်လည်း ယနေ့အထိ ထူးခြားမှုမရှိသေးကြောင်း သိရပါတယ်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  


~~~~~~~~~~ ကြော်ငြာ ~~~~~~~~~


0 comments:

Post a Comment

စီးပွားရေး/လုပ်ငန်း ကြော်ငြာများ