Category 3

.
Home » , , » တာချီလိတ်မှာ ကျင်းပတဲ့ အာခါရိုးရာ နှစ်သစ်ကူးပွဲတော် ( ၂၀၁၅ )

တာချီလိတ်မှာ ကျင်းပတဲ့ အာခါရိုးရာ နှစ်သစ်ကူးပွဲတော် ( ၂၀၁၅ )

Written By Tachileik News Agency on Thursday 17 December 2015 | 23:24


( သတင်းရုပ်သံဆောင်းပါး )

အာခါတိုင်းရင်းသား အများစုဟာ သံလွင်မြစ်နဲ့ မဲခေါင်မြစ်ကြားမှာရှိတဲ့ မြစ်ဝှမ်းလွင်ပြင် တောင်ပေါ် ဒေသမှာ အများစုနေထိုင်ကြတာဖြစ်ပြီး မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံနဲ့ လာအိုနိုင်ငံတွေမှာ နေထိုင်ကြပါတယ်။

(၄)နိုင်ငံမှာ နေထိုင်တဲ့ အာခါတိုင်းရင်းသား လူဦးရေဟာ (၅)သိန်းခန့်ရှိတယ်လို့ သိရပြီး အများစုကတော့ တောင်ယာ၊ လယ်ယာအများကို အဓိက အားထား လုပ်ကိုင်စားသောက်ပြီး အသက် မွေးဝမ်းကျောင်းကြပါတယ်။

အာခါတိုင်းရင်းသားတွေရဲ့ ရှေးအကျဆုံး မိရိုးဖလာ ကိုးကွယ်ယုံကြည်မှုဟာ "ဇါန်း"ဘာသာလို့ ဆိုကြပြီး ခေတ်ကာလပြောင်းလာတာနဲ့အမျှ ခရစ်ယာန်ဘာသာ၊ ဗုဒ္ဓဘာသာကို ကိုးကွယ်ယုံကြည်သူတွေ များပြားလာခဲ့ကြပါတယ်။

အခုနောက်ပိုင်းမှာ အာခါတိုင်းရင်းသားတွေရဲ့ ကိုးကွယ်ယုံကြည်မှုကို "နတ်စား"လို့သာသိခဲ့ကြပြီး ယနေ့ အချိန်အခါမှာတော့ နေထိုင်ဝတ်စားမှုပုံစံတွေဟာ ခေတ်နဲ့ လိုက်လျှောညီထွေမှုတွေရှိလာခဲ့ပါတယ်။

တဖြေးဖြေးနဲ့ ရိုးရာမပျက်တဲ့ ယဉ်ကျေးမှုတွေအတွက် ခေတ်မှီတဲ့ ၀တ်စားဆင်ယဉ်မှုတွေ တီထွင်ဆန်းသစ်လာခဲ့ပြီး စာပေမှာလဲ နိုင်ငံအလိုက် ကွဲပြားမှုကို တူညီတဲ့ စာပေဖြစ်အောင် တီထွင်ကြံဆပြီး သင်ရိုးညွှန်းတန်းတွေနဲ့ နောင်မျိုးဆက်သစ်တွေအတွက် ဖေါ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။

ဒီတစ်ပါတ် တာချီလိတ်သတင်းအေဂျင်စီရဲ့ သတင်းဆောင်းပါးအနေနဲ့ ရိုးရာယဉ်ကျေးမှုကို ဆက်လက် ထိန်းသိမ်းလျှက်ရှိတဲ့ အာခါတိုင်းရင်းသားတွေရဲ့ "ခါးထောင်းဖါး"နှစ်သစ်ကူးပွဲတော်အကြောင်းနဲ့ ဘာသာစကား အကြောင်း၊ အ၀တ်အထည်အကြောင်း၊ ငွေထည်ပစ္စည်းတွေအကြောင်း ရိုက်ကူးတင်ပြလိုက်ရပါတယ်။


တင်ဆက်။ ။ ကိုဇောင်း၊
တည်းဖြတ်။ ။ ကိုဇက်
ရိုက်ကူး။ ။ ကိုဇက် ၊ ဇောင်းညီ၊

#TachileikNewsAgency www.tachileik.net
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~ကြော်ငြာ ~~~~~~~

0 comments:

Post a Comment

စီးပွားရေး/လုပ်ငန်း ကြော်ငြာများ