Category 3

.
Home » , » (ရုပ်သံ) ရိုက်မကွဲစေသည့် အပျော့စား မှန်ဝိုင်း တာချီလိတ်၌ လမ်းဆုံများတွင် (၂၁)ခု တပ်ဆင်

(ရုပ်သံ) ရိုက်မကွဲစေသည့် အပျော့စား မှန်ဝိုင်း တာချီလိတ်၌ လမ်းဆုံများတွင် (၂၁)ခု တပ်ဆင်

Written By Tachileik News Agency on Saturday 26 September 2015 | 02:36

( ရုပ်သံတင်ဆက်မှု )

မော်တော်ယာဉ် ပေါများပြီး ယာဉ် မတော်တဆတိုက်မှု မကြာခဏ ဖြစ်လေ့ရှိတဲ့ တာချီလိတ်မြို့မှာ ယာဉ်တိုက်မှု လျော့ပါးရေးအတွက် လမ်းဆုံများမှာ ရိုက်မကွဲတဲ့ မှန်အပျော့စား မှန်ဝိုင်း (၂၁)ခုကို  ခရိုင်ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီရဲ့ အထူးစီမံဒဏ်ငွေရန်ပုံငွေများထဲက ကျပ်သိန်း(၄၀)ကျော်ကို ထုတ်ယူသုံးစွဲကာ ယနေ့ ၂၀၁၅ခုနှစ် စက်တင်ဘာလ(၂၆)ရက်နေ့က စတင်ပြီး တပ်ဆင်လိုက်ပြီဖြစ်ပါတယ်။

အခုလို တပ်ဆင်ရာမှာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နဲ့ ခရိုင်ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီ ဥက္ကဌဖြစ်တဲ့ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး လှမင်း တို့ ဦးဆောင်တဲ့ ကော်မတီဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင် နဲ့ မြို့နယ်အဆင့် ဌာနဆိုင်ရာများ နဲ့ တာချီလိတ်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့စုမှူးဒုရဲမှူး အောင်ကိုကိုနဲ့ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ၊ မီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်းပြီး ကနေဦး တပ်ဆင်မှုအနေနဲ့ လမ်းဆုံနေရာ (၃)နေရာမှာ သွားရောက်တပ်ဆင်နေတာပဲဖြစ်ပါတယ်။

ကနေဦး တပ်ဆင်မှုအနေနဲ့ ဆန်ဆိုင်း(ခ)ရပ်ကွက် ဗိုလ်ချုပ်လမ်းမဘေးမှာ တစ်နေရာ၊ အားကစာရုံလမ်းထောင့်မှာ တစ်နေရာနဲ့ ရီဂျီးနားဂေါက်ကွင်းသွားလမ်းနဲ့ ဓမ္မသီရိဆေးရုံထောင့်မှာ တစ်နေရာ စုစုပေါင်း (၃)နေရာမှာ တပ်ဆင်နေတာပဲဖြစ်ပါတယ်။

အခုလို တပ်ဆင်လိုက်တဲ့ မှန်ဝိုင်းများဟာ ရိုးရိုးမှန်မဟုတ်ဘဲ၊ အပျော့စား မှန်အမျိုးအစားဖြစ်ပြီး ရိုက်ခွဲသော်လည်း မကွဲစေတဲ့ မှန်လို့ သိရပြီးတော့ မှန်ပေါ်ကို ဖိလိုက်ပါကလည်း ပြန်လည် တက်ကြွလာစေမဲ့ အမျိုးအစားဖြစ်ကြောင်း သိရပါတယ်။

အခု တပ်ဆင်ထားရှိတဲ့ မှန်ဝိုင်း (၁)ခုရဲ့ တန်ဖိုးဟာ  ကျပ် (၁၉၅,၀၀၀)ရှိပြီးတော့ စုစုပေါင်း မှန်ဝိုင်း(၂၁)ခုရဲ့ တန်ဖိုးမှာကျပ်(၄,၀၉၅,၀၀၀)ကုန်ကျကြောင်းနဲ့ အခုလို ကုန်ကျငွေများဟာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း မလိုက်နာဘဲ မောင်းနှင်သူများကို ဒဏ်ငွေကောက်ခံရမှာ ရရှိတဲ့ ခရိုင်ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီရဲ့ အထူးစီမံဒဏ်ငွေရန်ပုံငွေများထဲက ထုတ်ယူသုံးစွဲ တပ်ဆင်လိုက်တာဖြစ်ကြောင်း သိရပါတယ်။

တင်ဆက်။  ။ ကိုဇောင်း
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

0 comments:

Post a Comment

စီးပွားရေး/လုပ်ငန်း ကြော်ငြာများ