Category 3

.
Home » , » နှစ်စဉ် ဖြစ်ပေါ်နေတဲ့ တာချီလိတ်မြို့ပေါ် မီးခိုးဖုံးလွှမ်းမှု (ရုပ်သံ)

နှစ်စဉ် ဖြစ်ပေါ်နေတဲ့ တာချီလိတ်မြို့ပေါ် မီးခိုးဖုံးလွှမ်းမှု (ရုပ်သံ)

Written By Tachileik News Agency on Thursday 19 March 2015 | 02:03


( တာချီလိတ်မြို့တွင်း မီးခိုးဖုံးလွှမ်းနေမှု ရုပ်သံ)

အခုမြင်တွေ့ရတာကတော့ ထိုင်း - မြန်မာ နယ်စပ်မြို့လေး တစ်မြို့ဖြစ်တဲ့ တာချီလိတ်မြို့ပေါ်မှာ နှစ်စဉ် တောင်ယာမီးရှို့ခြင်းကြောင့် ဖြစ်ပေါ်လာရတဲ့ မီးခိုးဖုံးလွှမ်းနေတဲ့ မြင်ကွင်းများပဲ ဖြစ်ပါတယ်။

အခုလို ဖြစ်စဉ်များဟာ နှစ်စဉ် မတ်လရောက်ပြီဆိုတာနဲ့ ဖြစ်ပေါ်လာတာဖြစ်ပြီး ယခုနှစ်ဖြစ်တဲ့ ၂၀၁၅ခုနှစ် မတ်လအစကနေ ယနေ့ မတ်လ(၁၉)ရက်နေ့အထိ မီးခိုးဖုံးလွှမ်းမှုဟာ ပိုမိုများပြားလာတာဖြစ်သလို တစတစနဲ့လည်း မီးခိုးများဟာ ကင်းစင်သွားခြင်း မရှိတာကို တွေ့မြင်ရပါတယ်။

အခုလို မီးခိုးဖုံးလွှမ်းမှုများကြောင့် ဆိုင်ကယ်မောင်းသူများ အနေနဲ့ မျက်စေ့စပ်နေကြပြီး၊ ကျန်းမာရေး အနေနဲ့လည်း လည်ချောင်းနဲ့ ပတ်သက်တဲ့ ရောဂါများနဲ့ အသက်ရှုကြပ်မှုတွေလည်း ခံစားနေကြရတယ်လို့ သိရပါတယ်။

နှစ်စဉ်ဖြစ်ပေါ်နေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ထိုင်း - မြန်မာ နှစ်ဖက် တာဝန်ရှိသူများအနေနဲ့ ထိရောက်စွာ ကိုင်တွယ်နိုင်ခြင်း မရှိကြတာဟာလည်း နှစ်စဉ်ဖြစ်ပွားနေမှုကြောင့်တွေ့မြင်နိုင်ပြီး မီးခိုးကိစ္စများနဲ့ ပတ်သက်ပြီး ၂၀၁၄ ခုနှစ်က မြို့နယ်အဆင့် ထိုင်း-မြန်မာ နယ်ခြားကော်မတီ အစည်းအဝေးမှာလည်း တောင်မီးရှို့မှုများကို တားဆီးကာကွယ်ရေးအတွက် ဆွေးနွေးခဲ့ကြသော်လည်း အထမြောက်ခဲ့ခြင်း မရှိတာကိုလည်း ယခုဖြစ်စဉ်များအတိုင်း သိမြင်နိုင်မှာပဲဖြစ်ပါတယ်။

ဒီလို နှစ်စဉ် ဖြစ်ပေါ်နေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဒေသခံ ပြည်သူများဟာ မီးခိုးဖုံးလွှမ်းတဲ့ ဒဏ်ကို ကြာရှည်မခံနိုင်တော့တာကြောင့် ဘယ်သူ့အပေါ်မှာ တာဝန်ရှိနေလဲ ဆိုတဲ့ အပြောမျိုးတွေ ရပ်ကွက်ထဲမှာ ထွက်ပေါ်နေပါတယ်။

တည်းဖြတ်/တင်ဆက်။ ။ ကိုဇောင်း
ရိုက်ကူး။  ။ ဇောင်းညီ
 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~ကြော်ငြာ ~~~~~~~

0 comments:

Post a Comment

စီးပွားရေး/လုပ်ငန်း ကြော်ငြာများ