Category 3

.
Home » , » ထိုင်းနိုင်ငံ Dtac ဖုန်းကတ်များကို တာချီလိတ်၌ တရားဝင် မှတ်ပုံတင်နိုင်ပြီ

ထိုင်းနိုင်ငံ Dtac ဖုန်းကတ်များကို တာချီလိတ်၌ တရားဝင် မှတ်ပုံတင်နိုင်ပြီ

Written By Tachileik News Agency on Tuesday 17 March 2015 | 04:55


ထိုင်းနိုင်ငံက True Move, AIS/One2call, Dtac/Happy စတဲ့ ထိုင်းဆက်သွယ်ရေး ဖုန်းကတ်များကို  ဖေဖော်ဝါရီလ (၁)ရက်နေ့မှ စတင်ပြီး ဇူလိုင်လ (၃၁)ရက်နေ့ နောက်ဆုံးထားကာ မှတ်ပုံတင်ပြီးမှသာ အသုံးပြုရမယ်လို့  ထိုင်းနိုင်ငံ အမျိုးသား တယ်လီဖုန်းဆက်သွယ်ရေးနှင့် ရုပ်သံထုတ်လွှင့်ခြင်းဆိုင်ရာ ကော်မရှင်ကနေပြီးတော့ သတင်းထုတ်ပြန်ထားပါတယ်။


( ရုပ်သံကြည့်ရန် )

အဲ့ဒီလို သတင်းထုတ်ပြန်ထားပြီးတဲ့ နောက်မှာတော့ ထိုင်းနိုင်ငံအတွင်းမှာ ဖုန်းကတ်များကို တရားဝင်မှတ်ပုံတင်ခြင်းများ ပြုလုပ်နေသလို နယ်စပ်ဒေသဖြစ်တဲ့ တာချီလိတ်မြို့မှာလည်း ထိုင်းဆက်သွယ်ရေး တယ်လီဖုန်းလိုင်းများအနက် Dtac/Happy ဖုန်းကတ် များကို တာချီလိတ်​မြို့၊ တာလော့ရပ်ကွက်ထဲမှာရှိတဲ့ တာချီလိတ်နှစ်​ခြင်းခရစ်​ယာန်​ဘုရား​ကျောင်းမှာ မတ်လ မကုန်မီ အချိန်ထိ နိုင်ငံသားမှတ်ပုံတင်ဖြင့် ဖုန်းကတ်များကို တရားဝင် မှတ်ပုံတင်နိုင်ပြီဖြစ်ပါတယ်။

အခုလို Dtac ဖုန်းကတ်များကို တရားဝင်မှတ်ပုံတင်ဖို့အတွက် နိုင်ငံသားမှတ်ပုံတင်သော်လည်းကောင်း၊ ယာဉ်မောင်းလိုင်စဉ်သော်လည်းကောင်း၊ ယာယီနိုင်ငံကူးလက်မှတ်ဖြင့်သော်လည်းကောင်း ၀န်ဆောင်ခအဖြစ် ထိုင်းဘတ်ငွေ (၁၀)ဘတ်ပေးကာ ဆောင်ရွက်နိုင်ပြီး ဆောင်ရွက်ပေးတဲ့ အချိန်ကာလကတော့ အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ နံနက်(၉)နာရီမှ ညနေ(၃)နာရီအချိန်ထိ သတ်မှတ်ထားပြီး မတ်လ(၃၁)ရက်နေ့အထိသာ ဆောင်ရွက်ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

ကျန်ရှိတဲ့ One2call နဲ့ True Move ဖုန်းလိုင်းများကိုတော့ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ဘက်မှာ ဆောင်ရွက်နိုင်မှာဖြစ်ပြီး လတ်တလောမှာ Dtac ဖုန်းကတ်များကို တာချီလိတ်မြို့ ဆောင်ရွက်ပေးနေလျက် ရှိပါတယ်။

 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~ကြော်ငြာ ~~~~~~~

0 comments:

Post a Comment

စီးပွားရေး/လုပ်ငန်း ကြော်ငြာများ