Category 3

.
Home » , » ထိုင်း - မြန်မာ အမှတ်(၁)(၂)တံတား ဘီးကောက်လေလံကြေး ကျပ်သိန်းပေါင်း (၂၉၅၅)သိန်းဖြင့် အဆုံးသတ် ( ရုပ်သံ )

ထိုင်း - မြန်မာ အမှတ်(၁)(၂)တံတား ဘီးကောက်လေလံကြေး ကျပ်သိန်းပေါင်း (၂၉၅၅)သိန်းဖြင့် အဆုံးသတ် ( ရုပ်သံ )

Written By Tachileik News Agency on Thursday 26 February 2015 | 21:22

၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် မြို့နယ်စည်ပင်သာယာရေးကော်မတီပိုင် အရပ်ရပ်အခွင့်အရေးလိုင်စင် ဈေးပြိုင်စနစ်ဖြင့် လေလံတင် ရောင်းချခြင်း အခမ်းအနားအား ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ အောင်မြတ်ခန်းမတွင် ဖေဖော်ဝါရီလ(၄)ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ
  • မယ်ခေါင် အပေါင်ဆိုင် လုပ်ကိုင်ခွင့်အား ကျပ်(၆)သိန်းဖြင့် ဦးချစ်ထူ + ဒေါ်နာကော်မှ ရရှိ
  • ဆန်ဆိုင်း အပေါင်ဆိုင်(၂) လုပ်ကိုင်ခွင့်အား ကျပ်(၆)သိန်းဖြင့် ဒေါ်နန်းနွန်းမှ ရရှိ
  • ၀မ်ကောင်း အပေါင်ဆိုင်(၁) လုပ်ကိုင်ခွင့်အား ကျပ်(၁၂)သိန်းဖြင့် ဒေါ်တင်တင်ထွန်းမှ ရရှိ
  • ဟောင်လိတ်အပေါင်ဆိုင်လုပ်ကိုင်ခွင့်အား ကျပ်(၁၃၅၀၀၀၀)ဖြင့် ဦးအောင်မောင်မှ ရရှိ
  • ၀မ်ကောင်း အပေါင်ဆိုင်(၂) လုပ်ကိုင်ခွင့်အား ကျပ်(၈)သိန်းဖြင့် ဒေါ်နန်းလျှဲန်း(ခ)ဒေါ်နန်းပင်းခမ်းမှ ရရှိ
  • ၀မ်ကောင်း အပေါင်ဆိုင်(၃) လုပ်ကိုင်ခွင့်အား ကျပ်(၇)သိန်းဖြင့် ဦးစောထွန်းဦး+ဒေါ်အမာစိန်မှ ရရှိ
  • ပုန်းထွန် အပေါင်ဆိုင်(၁) လုပ်ကိုင်ခွင့်အား ကျပ်(၁၃)သိန်းဖြင့် ဦးကျော်တင့်မှ ရရှိ
  • ပုန်းထွန် အပေါင်ဆိုင်(၂) လုပ်ကိုင်ခွင့်အား ကျပ်(၅၆၀၀၀၀)ဖြင့် ဒေါ်မီရီမှ ရရှိ
  • မကာဟိုခမ်း အပေါင်ဆိုင် လုပ်ကိုင်ခွင့်အား ကျပ်(၉၅၀၀၀၀)ဖြင့် ဦးစိုင်းစွမ်ဝဒ်မှ ရရှိ
  • အဝေးပြေးကားကြီး(ဘီးကောက်) လုပ်ကိုင်ခွင့်အား ကျပ်(၄၂၃)သိန်းဖြင့် ဦးမင်းမင်းဆွေ မှရရှိ
  • ထိုင်း - မြန်မာ ချစ်ကြည်ရေးတံတား အမှတ်(၁)နှင့် အမှတ်(၂) ဘီးကောက် လုပ်ကိုင်ခွင့်အား ကျပ်သိန်းပေါင်း(၂၉၅၅)သိန်းဖြင့် ဒေါ်နန်းခမ်းမှ ရရှိ
  • မြို့ဝင်ကြေး(ဘီးကောက်) ပြည်တွင်း(သက်တမ်းတိုး) လုပ်ကိုင်ခွင့်အား ကျပ်သိန်း(၁၁၅)ဖြင့် ဦးစိုင်းသိန်းကြွယ်မှ ရရှိ
 Tachileik Online News ( www.tachileik.net  ) 
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

0 comments:

Post a Comment

စီးပွားရေး/လုပ်ငန်း ကြော်ငြာများ